ExpressWay Note (ခရီးသြားမွတ္စု)

[Zawgyi]



 

[Unicode]

ခရီးသွားလာရာမှာ အထောက်အကူ ဖြစ်ဖို့အတွက် ရည်ရွယ်ဖန်တီးထားတဲ့ မှတ်စု App ဖြစ်ပါတယ်။ မိမိသွား ခဲ့တဲ့ခရီးနေရာတွေကို မြေပုံနဲ့တကွ အလွယ်တကူ မှတ်သားနိုင်မှာဖြစ်ပြီး မှတ်သားထားတဲ့နေရာတွေနဲ့ သွားလာရတဲ့လမ်းကြောင်းတွေရဲ့ ခန့်မှန်းအကွာအဝေးနဲ့ ကြာချိန်တွေကိုလည်း ကြည့်ရှုနိုင်အောင် ဖန်တီးထားပါတယ်။

ဖုန်း GPS စနစ်နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိတဲ့ အနီးဆုံးမိုင်တိုင်တွေကို အင်တာနက်ဖွင့်စရာမလိုဘဲ ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပြီး ကြိုတင်အသိပေးနိုင်တဲ့ GPS Alarm အသိပေးစနစ် ထောက်ပံ့ပါ၀င်ပါတယ်။ မြို့နယ်အလိုက် အဝေးပြေးစခန်းရှိ ယာဉ်လိုင်းတွေရဲ့ ဖုန်းနံပါတ်တွေကို ရှာဖွေကြည့်ရှုနိုင်မယ့်အပြင် အရေးပေါ်ဖုန်းနံပါတ်တွေကိုလည်း App ကနေကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။