Experience7 Tour ကို မန္တလေးတွင်လည်း Vivo ပြုလုပ်ခဲ့

ဒီဇင်ဘာလ ၃ ရက်နေ့က Vivo ဟာ သူတို့ရဲ့ Experience7 Tour ကို မန္တလေးမြို့ ၇၈လမ်းနဲ့ ၂၈ လမ်းထောင့်၊ ချမ်းအေးသာစံ မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ဒီပွဲနဲ့အတူ Vivo ရဲ့ Showroom သစ် Grand Opening ကိုလည်း တစ်ပြိုင်တည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို Vivo Myanmar Company Limited ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ Vivo ရဲ့ Brand Ambassador ဝိုင်းစုခိုင်သိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး ဝိုင်းစုခိုင်သိန်းကတော့ ပွဲကို လာရောက်ချီးမြှင့်ကြတဲ့ ဧည့်သည်တော်တွေနဲ့ ဓာတ်ပုံရိုက်ကူးခြင်း အမှတ်တရ လက်မှတ်ရေးထိုးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် Vivo ကလည်း ပထမဦးဆုံး ဝယ်ယူအားပေးသူ အယောက် ၁၀၀ အတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။

Vivo V7 ဟာ 5.7 လက်မအကျယ် FullViewTM Display နဲ့ 24MP အရှေ့ကင်မရာ ပါဝင်ပြီး Qualcomm Octa-core Processor, 4GB RAM, Storage 32GB ကိုထောက်ပံ့ပေးထားပြီး ဈေးနှုန်းက ၃၄၉,၀၀၀ ကျပ် ဖြစ်ပါတယ်။

Vivo ဟာ Experience7 Tour တွေကို ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ ပြုလုပ်ကျင်းပတဲ့အပြင် မူဆယ်၊ ဖြူး၊ မော်လမြိုင်၊ မကွေး၊ ရွှေဘို၊ အောင်ပန်း၊ ဗန်းမော်၊ ပဲခူး စတဲ့ နယ်မြို့တွေမှာလည်း ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

-ကိုသက်