Eve V 2 in 1 Laptop Tablet

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ၁၁၉၉

အားသာခ်က္

စြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္ၿပီး aluminum design နဲ႔ ဖန္တီးထားပါတယ္။ ဒါ့အျပင္ ကိုယ္ထည္ ဖဲြ႔စည္းထားပံုကလည္း က်စ္က်စ္လစ္လစ္ရွိတာကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ Thunderbolt 3 နဲ႔ extra USB port ေတြ ပါဝင္တာကလည္း ဒီ tablet ရဲ႕ အားသာခ်က္တစ္ခုျဖစ္ပါတယ္။

အားနည္းခ်က္

GPS, NFC, LTE ေတြေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ဒီ tablet နဲ႔ တဲြဖက္ အသံုးျပဳရတဲ့ Pen technology ဟာလည္း အရမ္းေကာင္းမြန္တာမ်ိဳးကို ေတြ႕ျမင္ရ မွာ မဟုတ္ပါဘူး။

အေသးစိတ္ေဖာ္ျပခ်က္

Intel Core i7- 7Y75 processor ကို အသံုးျပဳထားၿပီး RAM 16GB တပ္ဆင္ေပးထားပါတယ္။ အခ်က္အလက္ေတြ သိမ္းဆည္းဖို႔အတြက္ SSD Storage အသံုးျပဳထားၿပီး storage ပမာဏကေတာ့ 512GB ရွိမွာျဖစ္ပါတယ္။ Graphic processor ပိုင္းမွာေတာ့ Intel Graphic HD 630 ကို သံုးထားပါတယ္။ မ်က္ႏွာျပင္ အရြယ္အစားကေတာ့ ၁၂.၃ လက္မရွိမွာျဖစ္ၿပီး screen resolution 2880 x 1920 ရွိမွာျဖစ္ပါတယ္။ ဒီ tablet မွာ အသံုးျပဳထားတဲ့ Operating System ကေတာ့ Windows 10 Home ကို အသံုးျပဳထားပါတယ္။ ကင္မရာကေတာ့ rear camera ကိုသာ အသံုးျပဳထားၿပီး 5 megapixels သာရွိမွာျဖစ္ပါတယ္။ Wireless keyboard နဲ႔ တဲြဖက္အသံုးျပဳႏိုင္ေအာင္ စီစဥ္ေပးထားပါတယ္။ ဒီ tablet ရဲ႕ ဘက္ထရီသံုးစဲြႏိုင္မယ့္ အခ်ိန္ ကေတာ့ ပ်မ္းမွ် ၉ နာရီခဲြခန္႔ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

-သီဟ

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ၁၁၉၉

အားသာချက်

စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်ပြီး aluminum design နဲ့ ဖန်တီးထားပါတယ်။ ဒါ့အပြင် ကိုယ်ထည် ဖွဲ့စည်းထားပုံကလည်း ကျစ်ကျစ်လစ်လစ်ရှိတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Thunderbolt 3 နဲ့ extra USB port တွေ ပါဝင်တာကလည်း ဒီ tablet ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။

အားနည်းချက်

GPS, NFC, LTE တွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီ tablet နဲ့ တွဲဖက် အသုံးပြုရတဲ့ Pen technology ဟာလည်း အရမ်းကောင်းမွန်တာမျိုးကို တွေ့မြင်ရ မှာ မဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

Intel Core i7- 7Y75 processor ကို အသုံးပြုထားပြီး RAM 16GB တပ်ဆင်ပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် SSD Storage အသုံးပြုထားပြီး storage ပမာဏကတော့ 512GB ရှိမှာဖြစ်ပါတယ်။ Graphic processor ပိုင်းမှာတော့ Intel Graphic HD 630 ကို သုံးထားပါတယ်။ မျက်နှာပြင် အရွယ်အစားကတော့ ၁၂.၃ လက်မရှိမှာဖြစ်ပြီး screen resolution 2880 x 1920 ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Windows 10 Home ကို အသုံးပြုထားပါတယ်။ ကင်မရာကတော့ rear camera ကိုသာ အသုံးပြုထားပြီး 5 megapixels သာရှိမှာဖြစ်ပါတယ်။ Wireless keyboard နဲ့ တွဲဖက်အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီ tablet ရဲ့ ဘက်ထရီသုံးစွဲနိုင်မယ့် အချိန် ကတော့ ပျမ်းမျှ ၉ နာရီခွဲခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။