Eve V 2 in 1 Laptop Tablet

တန်ဖိုး – ကန်ဒေါ်လာ ၁၁၉၉

အားသာချက်

စွမ်းဆောင်ရည်ပိုင်းကောင်း မွန်ပြီး aluminum design နဲ့ဖန် တီးထားပါတယ်။ ဒါ့အပြင်ကိုယ် ထည်ဖွဲ့ စည်းထားပုံကလည်းကျစ် ကျစ်လျစ်လျစ်ရှိတာကိုတွေ့ မြင် ရမှာဖြစ်ပါတယ်။ Thunderbolt 3 နဲ့ extra USB port တွေပါ ဝင်တာကလည်း ဒီ tablet ရဲ့ အားသာချက် တစ်ခုဖြစ်ပါတယ်။

အားနည်းချက်

GPS, NFC, LTE တွေတော့ ပါဝင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီ tablet နဲ့ တွဲဖက် အသုံးပြုရတဲ့ Pen technology ဟာလည်း အ ရမ်းကောင်းမွန်တာမျိုးကိုတွေ့ မြင်ရမှာ မဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

Intel Core i7- 7Y75 processor ကို အသုံးပြုထား ပြီး RAM 16GB တပ်ဆင်ပေး ထားပါတယ်။ အချက်အလက် တွေ သိမ်းဆည်းဖို့အတွက် SSD Storage အသုံးပြုထားပြီး storage ပမာဏကတော့ 512GB ရှိမှာဖြစ်ပါတယ်။ Graphic processor ပိုင်းမှာတော့ Intel Graphic HD 630 ကို သုံးထားပါတယ်။ မျက်နှာပြင် အရွယ်အစားကတော့ ၁၂.၃ လက်မရှိမှာဖြစ်ပြီး screen resolution က 2880 x 1920 ဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Windows 10 Home ဖြစ်ပါတယ်။ ကင်မရာကတော့ rear camera ကို သာအသုံးပြုထားပြီး 5 megapixels ရှိမှာဖြစ်ပါ တယ်။ Wireless keyboard နဲ့ တွဲဖက်အသုံးပြုနိုင်အောင် စီစဉ် ပေးထားပါတယ်။ ဒီ tablet ရဲ့ ဘက်ထရီ သုံးစွဲနိုင်မယ့် အချိန် ကတော့ ပျမ်းမျှ ၉ နာရီခွဲ ခန့် ဖြစ်ပါတယ်။

-သီဟ