@ETSGlobal မှ အိမ်ကနေစာမေးပွဲ ဖြေဆိုစစ်ဆေးပေးသော ဝန်ဆောင်မှုကို တိုးချဲ့

ကမ္ဘာတစ်ဝန်း ပညာရေးဆိုင်ရာစာမေးပွဲတွေစစ်ဆေးပေးတဲ့ @ETSGlobal ကနေပြီး အိမ်ကနေဖြေဆိုစစ်ဆေးပေးတဲ့ ဝန်ဆောင်မှုကိုတိုးချဲ့လိုက်တယ်လို့ US Embassy Yangon ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

@ETSGlobal အနေနဲ့ TOEFL iBT® test နဲ့ GRE® General Test ကို မည်သည့်နေရာကနေမဆို အိမ်ကနေဖြေဆိုစစ်ဆေးပေးတဲ့ ဝန်ဆောင်မှုကို တိုးချဲ့ လိုက်ပြီးကွန်ပျူတာကနေ မေးခွန်းတွေပို့ပေးပြီးစစ်ဆေးပေးတော့မှာပါ။

TOEFL iBT test အကြောင်းပိုပြီးသိနိုင်ဖို့ ဒီနေရာ နဲ့ GRE General Test အကြောင်းပိုပြီးသိနိုင်ဖို့ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

-သန္တာ

နိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းက အိုင်တီ၊ မိုဘိုင်း နည်းပညာ သတင်းတွေကို နေ့စဉ်ဖတ်ရှုနိုင်ဖို့ http://internetjournal.mediasubscribe မှာ subscribe လုပ်ထားနိုင်ပါတယ်