Ethical Hacking and Cyber Security သင်တန်း မန္တလေးတွင်ဖွင့်မည်

Ethical Hacking and Cyber Security သင်တန်းကို မန္တလေးမှာ ဖွင့်မယ်လို့ သိရပါတယ်။

Ethical Hacking and Cyber Security ဘာသာရပ် ရက်တို ၅ ရက် သင်တန်းဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကြေး ၂၄၅,၀၀၀ ကျပ်ဖြစ်ကြောင်းနဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။

သင်တန်းမှာ Footprinting and recon , Scanning and Enumeration , Hacking the System Malware , Network protocols attack , Social Engineering , Web attacks , Wireless attacks , Mobile application attacks , Cryptography နဲ့ Exploit Writing ဘာသာရပ်တွေပါဝင်မယ်လို့ သိရပါတယ်။ နာရီ ၄ဝ ကြာသင်ကြားပေးမယ့် အဲဒီသင်တန်းနဲ့ပတ်သက်ပြီး M.S.T ဖုန်း ၀၉ ၇၇၇၇၀၃၅၉၃ မှာ စုံစမ်းနိုင်မှာဖြစ်ပါတယ်။

ကောင်းမြတ်ထွန်း