Essential Phone 2 ကို ေတြ႕ျမင္ရေတာ့မည္ မဟုတ္

[ Zawgyi ]

Essential ဟာ ဒုတိယမ်ိဳးဆက္ စမတ္ဖုန္း ထုတ္လုပ္မယ့္အစီအစဥ္ကုိ ဖ်က္သိမ္းခဲ့ၿပီး ကုမၸဏီတစ္ခုလုံးကို ေရာင္းခ်ဖို႔ ေလ့လာေနတယ္လို႔ Bloomberg က ေဖာ္ျပခဲ့ပါတယ္။ အေသးစိတ္ကုိေတာ့ မသိရေသးပါဘူး။ ကုမၸဏီကုိ ေရာင္းခ်သြားဖို႔လည္း မနီးစပ္ေသးပါဘူး။ ဒါ့အျပင္ Essential အေနနဲ႔ အနာဂတ္ေတြအတြက္ အစီအစဥ္ေတြရွိတယ္လို႔လည္း သတင္းကေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့ Essential ရဲ႕ဒုတိယေျမာက္ဖုန္း ထုတ္လုပ္မယ့္အစီအစဥ္ကုိ ဖ်က္သိမ္းဖို႔ ေသခ်ာေနပါၿပီ။ ဖုန္းထုတ္လုပ္မႈကို ဖ်က္သိမ္းအၿပီးမွာ အင္ဂ်င္နီယာေတြဟာ စမတ္အိမ္သုံးထုတ္ကုန္တစ္ခုကို လုပ္ကုိင္ေနၿပီး လာမယ့္ႏွစ္မွာ ထြက္ရွိလာမယ္လို႔ Bloomberg ကေဖာ္ျပခဲ့ပါတယ္။ Echo ကိုယွဥ္ၿပိဳင္သြားမယ့္ အဲ့ဒီထုတ္ကုန္အေၾကာင္းကို လြန္ခဲ့တဲ့တစ္ႏွစ္က Essential က ထုတ္ျပန္ေၾကညာခဲ့ဖူးပါတယ္။

Essential အေနနဲ႔ ဖုန္းလုပ္ငန္းကို ဆက္လက္ထားရွိ၊ မရွိကုိ စဥ္းစားေနတယ္လို႔ Bloomberg က ေဖာ္ျပသြားခဲ့ပါေသးတယ္။ Essential ဟာ ဖုန္းအမ်ားစုရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈကို ကုိင္တြယ္ဖို႔ Foxconn နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆုိဖြယ္ ရွိပါတယ္။ Essential ရဲ႕ပထမဆုံးစမတ္ဖုန္းဟာ ၾသဂုတ္လေႏွာင္းပုိင္းကစၿပီး ေရာင္းခ်ခဲ့ရာမွာ အလုံးေရ ၁၅၀,၀၀၀ ပဲ ေရာင္းခ်ခဲ့ရပါတယ္။

Essential ကုမၸဏီတစ္ခုလုံးေရာင္းခ်မယ့္ အစီအစဥ္က အလွမ္းေဝးေနပါေသးတယ္။ တကယ္လုိ႔ ေရာင္းခ်ျဖစ္မယ္ဆိုရင္ Essential က မူပိုင္ခြင့္ေတြ၊ hardware အျပင္ စီမံကိန္းအသစ္ေတြအားလုံးကုိလည္း ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Essential ဟာ ကုမၸဏီကို ဝယ္ယူဖို႔ဆႏၵရိွိသူေတြကို စိတ္ရွည္ရွည္ထားၿပီး ရွာေဖြေနတယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

စိုးထက္
Ref: TheVerge

===========

[ Unicode ]

Essential Phone 2 ကို တွေ့မြင်ရတော့မည် မဟုတ်

===========

Essential ဟာ ဒုတိယမျိုးဆက် စမတ်ဖုန်း ထုတ်လုပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး ကုမ္ပဏီတစ်ခုလုံးကို ရောင်းချဖို့ လေ့လာနေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ကုမ္ပဏီကို ရောင်းချသွားဖို့လည်း မနီးစပ်သေးပါဘူး။ ဒါ့အပြင် Essential အနေနဲ့ အနာဂတ်တွေအတွက် အစီအစဉ်တွေရှိတယ်လို့လည်း သတင်းကဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ Essential ရဲ့ဒုတိယမြောက်ဖုန်း ထုတ်လုပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းဖို့ သေချာနေပါပြီ။ ဖုန်းထုတ်လုပ်မှုကို ဖျက်သိမ်းအပြီးမှာ အင်ဂျင်နီယာတွေဟာ စမတ်အိမ်သုံးထုတ်ကုန်တစ်ခုကို လုပ်ကိုင်နေပြီး လာမယ့်နှစ်မှာ ထွက်ရှိလာမယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ Echo ကိုယှဉ်ပြိုင်သွားမယ့် အဲ့ဒီထုတ်ကုန်အကြောင်းကို လွန်ခဲ့တဲ့တစ်နှစ်က Essential က ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။

Essential အနေနဲ့ ဖုန်းလုပ်ငန်းကို ဆက်လက်ထားရှိ၊ မရှိကို စဉ်းစားနေတယ်လို့ Bloomberg က ဖော်ပြသွားခဲ့ပါသေးတယ်။ Essential ဟာ ဖုန်းအများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကိုင်တွယ်ဖို့ Foxconn နဲ့ စာချုပ် ချုပ်ဆိုဖွယ် ရှိပါတယ်။ Essential ရဲ့ပထမဆုံးစမတ်ဖုန်းဟာ သြဂုတ်လနှောင်းပိုင်းကစပြီး ရောင်းချခဲ့ရာမှာ အလုံးရေ ၁၅၀,၀၀၀ ပဲ ရောင်းချခဲ့ရပါတယ်။

Essential ကုမ္ပဏီတစ်ခုလုံးရောင်းချမယ့် အစီအစဉ်က အလှမ်းဝေးနေပါသေးတယ်။ တကယ်လို့ ရောင်းချဖြစ်မယ်ဆိုရင် Essential က မူပိုင်ခွင့်တွေ၊ hardware အပြင် စီမံကိန်းအသစ်တွေအားလုံးကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။ Essential ဟာ ကုမ္ပဏီကို ဝယ်ယူဖို့ဆန္ဒရှိိသူတွေကို စိတ်ရှည်ရှည်ထားပြီး ရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

စိုးထက်
Ref: TheVerge