Tesla မီနီကားေတြကို ဖန္တီးေနေၾကာင္း Elon Musk ဖြင့္ဟ

[Zawgyi]

ကုမၸဏီအေနနဲ႔ မီနီကားတစ္မ်ိဳးကို မိတ္ဆက္သြားဖို႔စီစဥ္ေနေၾကာင္း Tesla အမႈေဆာင္အရာရိွခ်ဳပ္ Elon Musk က ေျပာၾကားလိုက္ပါတယ္။

“အရြယ္ေရာက္ၿပီးသူေတြအတြက္ Tesla မီနီကားသစ္တစ္မ်ိဳး ဖန္တီးေနပါတယ္” လို႔ မစၥတာ Musk က “Model X Radio Flyer” အ႐ုပ္ကားနဲ႔ပတ္သက္ၿပီး ေမးျမန္းလာသူတစ္ေယာက္ကို ေျဖၾကားခဲ့ပါတယ္။
လက္ရိွမွာ “Model S Radio Flyer” အ႐ုပ္ကားကို အသက္ သံုးႏွစ္ကေန ရွစ္ႏွစ္အရြယ္ ကေလးငယ္ေတြအတြက္ ေရာင္းခ်ေနပါတယ္။ အဲ့ဒီ အ႐ုပ္ကားမွာ ၁၃၀ ဝပ္ ဘက္ထရီတစ္ခု ပါဝင္ပါတယ္။

Tesla မီနီကားေတြ ေရာင္းခ်မယ့္အခ်ိန္ကိုေတာ့ Elon Musk က ေျပာၾကားခဲ့ျခင္း မရိွပါဘူး။
လွ်ပ္စစ္ကားကုမၸဏီ Tesla ဟာ ၂၀၁၈ ဒုတိယသံုးလပတ္မွာ ဝင္ေငြ ေဒၚလာ ၄ ဘီလ်ံရရိွခဲ့ပါတယ္။
Tesla ဟာ တစ္ပတ္ကို Model 3, Model S နဲ႔ Model X ကား ၇,၀၀၀ ဝန္းက်င္ ထုတ္လုပ္ေနပါတယ္။

Ref: NDTV

[Unicode]

ကုမ္ပဏီအနေနဲ့ မီနီကားတစ်မျိုးကို မိတ်ဆက်သွားဖို့စီစဉ်နေကြောင်း Tesla အမှုဆောင်အရာရှိချုပ် Elon Musk က ပြောကြားလိုက်ပါတယ်။

“အရွယ်ရောက်ပြီးသူတွေအတွက် Tesla မီနီကားသစ်တစ်မျိုး ဖန်တီးနေပါတယ်” လို့ မစ္စတာ Musk က “Model X Radio Flyer” အရုပ်ကားနဲ့ပတ်သက်ပြီး မေးမြန်းလာသူတစ်ယောက်ကို ဖြေကြားခဲ့ပါတယ်။
လက်ရှိမှာ “Model S Radio Flyer” အရုပ်ကားကို အသက် သုံးနှစ်ကနေ ရှစ်နှစ်အရွယ် ကလေးငယ်တွေအတွက် ရောင်းချနေပါတယ်။ အဲ့ဒီ အရုပ်ကားမှာ ၁၃၀ ဝပ် ဘက်ထရီတစ်ခု ပါဝင်ပါတယ်။

Tesla မီနီကားတွေ ရောင်းချမယ့်အချိန်ကိုတော့ Elon Musk က ပြောကြားခဲ့ခြင်း မရှိပါဘူး။
လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ ၂၀၁၈ ဒုတိယသုံးလပတ်မှာ ဝင်ငွေ ဒေါ်လာ ၄ ဘီလျံရရှိခဲ့ပါတယ်။
Tesla ဟာ တစ်ပတ်ကို Model 3, Model S နဲ့ Model X ကား ရ,၀၀၀ ဝန်းကျင် ထုတ်လုပ်နေပါတယ်။

Ref: NDTV