eSchool Application မွတစ္ဆင့္ ေက်ာင္းသူေက်ာင္းသားမ်ား၏ ပညာေရးအခ်က္အလက္ကို မိဘမ်ားတိုက္ရိုက္သိရွိႏိုင္ရန္ေဆာင္ရြက္

[Zawgyi]

eSchool Application အသံုးျပဳၿပီး မိဘေတြအေနနဲ႔ သားသမီးေတြရဲ႕ေက်ာင္းတြင္းပညာေရးအခ်က္အလက္ကို တိုက္႐ိုက္သိရွိေအာင္ ေဆာင္ရြက္လိုက္ေၾကာင္း သိရပါတယ္။

အဲဒီ application မွာ မိဘေတြအေနနဲ႔ သားသမီးေတြရဲ႕ေက်ာင္းတြင္းရမွတ္စုစုေပါင္းေတြနဲ႔ အဆင့္ေတြကို ေဖာ္ျပေပးမွာျဖစ္ေၾကာင္း သိရပါတယ္။ ေက်ာင္းသားမိဘမ်ားအတြက္သာမက ေက်ာင္းတြင္းဆရာ၊ ဆရာမေတြအေနနဲ႔လည္း ေက်ာင္းသားမ်ားရဲ႕ အမွတ္ေတြကို အလြယ္တကူ တြက္ခ်က္ႏိုင္ ေၾကာင္း၊ ေက်ာင္သားတစ္ေယာက္ခ်င္းရဲ႕ ေက်ာင္းေခၚခ်ိန္ေတြကိုလည္းတြက္ခ်က္ႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ “ဆရာ၊ ဆရာမေတြTime Table ေတြေရးဆြဲတာ၊ စာေမးပြဲအခ်ိန္ေတြေရးဆြဲတာအတြက္ ဒီအေပၚမွာ အသံုးျပဳနိုင္မွာျဖစ္ပါတယ္၊ ေက်ာင္းသားမိဘေတြအေနနဲ႔ကေတာ့ eSchool for Parent ဆိုတဲ့ မိုဘိုင္း Application ကေနတစ္ဆင့္ တစ္ေန႔တာေက်ာင္းကျဖစ္ရပ္ေတြအကုန္လံုးကို User Name, Password နဲ႔ဝင္ေရာက္ၾကည့္ႏိုင္မွာျဖစ္ပါတယ္” လို႔ Ed Tech Myanmar Co.,Ltd က CEO ျဖစ္သူ ဦးဘုန္းျပည့္ဦးကေျပာပါတယ္။

eSchool for Parents မွာ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ တစ္ေန႔တာေက်ာင္းတြင္း Time Table အခ်ိန္စာရင္းေတြကို ၾကည့္ႏိုင္ျဖစ္ေၾကာင္း၊ ေက်ာင္းတက္ေရာက္သည့္မႈစာရင္း (Attendance)၊ စာေမးပြဲေျဖဆိုရမယ့္ရက္ေတြ၊ တစ္ေန႔တာေက်ာင္းတြင္း အိမ္စာေတြကို အခ်ိန္နဲ႔တေျပးညီေဖာ္ျပေပး သြားျဖစ္ေၾကာင္းသိရပါတယ္။ အဲဒီ Application ကို Cloud Base Solution အေျခခံၿပီး တည္ေဆာက္ထားေၾကာင္း၊ လက္ရွိမွာ အသံုးျပဳေနတဲ့ ပုဂၢလိကေက်ာင္းေပါင္း ၁၅ ေက်ာင္းခန္႔ရွိကာ အစိုးရေက်ာင္းတစ္ခုျဖစ္တဲ့ ရန္ကုန္ TTC ပညာေရးတကၠသိုလ္ေလ့က်င့္ေရးအထက္တန္းေက်ာင္းမွာ စမ္းသပ္အသံုးျပဳလ်က္ရွိေၾကာင္း ၎ကဆက္ေျပာပါတယ္။

အသံုးျပဳလိုတဲ့ေက်ာင္းတြင္းအဖြဲ႕အစည္းအေနနဲ႔ Ed Tech Myanmar Co.,Ltd ဖုန္း-၀၉ ၉၇၅၈၁၄၄၄၇ ကိုဆက္သြယ္ႏိုင္မွာျဖစ္ကာ ဝန္ေဆာင္မႈကိုေက်ာင္းသားအေရအတြက္ေပၚမႈတည္ ကာႏွစ္စဥ္ေၾကး ေကာက္ခံေၾကာင္းသိရပါတယ္။

-ေအာင္သက္ကို

[Unicode]

eSchool Application အသုံးပြုပြီး မိဘတွေအနေနဲ့ သားသမီးတွေရဲ့ကျောင်းတွင်းပညာ ရေးအချက် အလက်ကို တိုက်ရိုက်သိရှိအောင်ဆောင်ရွက်လိုက်ကြောင်းသိရပါတယ်။

အဲဒီ application မှာ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ကျောင်းတွင်းရမှတ်စုစုပေါင်းတွေနဲ့ အဆင့်တွေကိုဖော်ပြပေးမှာဖြစ်ကြောင်းသိရပါတယ်။ ကျောင်းသားမိဘများအတွက်သာမက ကျောင်း တွင်းဆရာ၊ ဆရာမတွေအနေနဲ့လည်း ကျောင်းသားများရဲ့ အမှတ်တွေကိုအလွယ်တကူတွက်ချက်နိုင် ကြောင်း၊ ကျောင်သားတစ်ယောက်ချင်းရဲ့ကျောင်းခေါ်ချိန်တွေကိုလည်းတွက်ချက်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ “ဆရာ၊ ဆရာမတွေTime Table တွေရေးဆွဲတာ၊ စာမေးပွဲအချိန်တွေရေးဆွဲတာအတွက် ဒီ အပေါ်မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်၊ ကျောင်းသားမိဘတွေအနေနဲ့ကတော့ eSchool for Parent ဆိုတဲ့ မိုဘိုင်း Application ကနေတစ်ဆင့် တစ်နေ့တာကျောင်းကဖြစ်ရပ်တွေအကုန်လုံးကို User Name, Password နဲ့ဝင်ရောက်ကြည့်နိုင်မှာဖြစ်ပါတယ်” လို့ Ed Tech Myanmar Co.,Ltd က CEO ဖြစ်သူ ဦးဘုန်းပြည့်ဦးကပြောပါတယ်။

eSchool for Parents မှာ ကျောင်းသားကျောင်းသူတွေရဲ့ တစ်နေ့တာကျောင်းတွင်း Time Table အချိန်စာရင်းတွေကိုကြည့်နိုင်ဖြစ်ကြောင်း၊ ကျောင်းတက်ရောက်သည့်မှုစာရင်း (Attendance)၊ စာမေးပွဲဖြေဆိုရမယ့်ရက်တွေ၊ တစ်နေ့တာကျောင်းတွင်းအိမ်စာတွေကို အချိန်နဲ့တပြေးညီဖော်ပြပေး သွားဖြစ်ကြောင်းသိရပါတယ်။ အဲဒီ Application ကို Cloud Base Solution အခြေခံပြီး တည်ဆောက်ထားကြောင်း၊ လက်ရှိမှာ အသုံးပြုနေတဲ့ ပုဂ္ဂလိကကျောင်းပေါင်း ၁၅ ကျောင်းခန့်ရှိကာ အစိုးရကျောင်းတစ်ခုဖြစ်တဲ့ ရန်ကုန် TTC ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်းမှာ စမ်းသပ်အသုံးပြုလျက်ရှိကြောင်း ၎င်းကဆက်ပြောပါတယ်။

အသုံးပြုလိုတဲ့ကျောင်းတွင်းအဖွဲ့အစည်းအနေနဲ့ Ed Tech Myanmar Co.,Ltd ဖုန်း-၀၉ ၉၇၅၈၁၄၄၄၇ ကိုဆက်သွယ်နိုင်မှာဖြစ်ကာ ဝန်ဆောင်မှုကိုကျောင်းသားအရေအတွက်ပေါ်မှုတည် ကာနှစ်စဉ်ကြေး ကောက်ခံကြောင်းသိရပါတယ်။

-အောင်သက်ကို