Ericsson မှ AI စွမ်းအင်အသုံးပြုထားသည့် အခြေခံအဆောက်အအုံလုပ်ငန်းများကို စတင် မိတ်ဆက်

Ericsson (NASDAQ: ERIC) မှ OPEX နဲ့ CO2 ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်တဲ့ AI အခြေပြု စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်း လည်ပတ်ခြင်းစနစ်ကို ယခုလမှာ စတင်မိတ်ဆက်ပေးခဲ့ပြီး အဆိုပါစနစ်မှာ စွမ်းအင်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် solution အသစ်တစ်ခုဖြစ်ကာ လူလုပ်မှတ်ဉာဏ်တုစနစ်နဲ့ အဆင့်မြင့်အချက်အလက်များ ခွဲခြမ်းစိတ်ဖြာမှုအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသူများက ၎င်းတို့ရဲ့ ကွန်ရက်အဆောက်အအုံများမှတစ်ဆင့် လုံလောက်တဲ့ စွမ်းအင်ပမာဏရရှိစေခြင်းတို့အတွက် အဆင့်မြှင့်တင်ပေးထားတဲ့ စနစ်ဖြစ်တယ်လို့ သိရပါတယ်။

Ericsson ရဲ့ Head of Business Area Managed Services ဖြစ်သူ Peter Laurin က “ကျွန်တော်တို့အနေနဲ့ ကတော့ ဖောက်သည်တွေအတွက် သူတို့ရဲ့ ဆိုက်တွေမှာ စွမ်းအင်အသုံးပြုမှုတွေကို လျော့နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့ အဓိက ရည်ရွယ်တာဖြစ်သလို သူတို့ရဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်တဲ့နေရာမှာ လုပ်လောက်တဲ့ စွမ်းအင်ပမာဏကို ရရှိပြီး ကာဗွန်လျှော့ချမှုဆိုင်ရာ လုပ်ဆောင်ချက်အတွက် ပိုမိုတိုးတက်လာစေဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Energy infrastructure operations ဟာဆိုရင် မတူညီတဲ့ လုပ်ဆောင်ချက်တိုင်း၊ မတူညီတဲ့ လိုအပ်ချက်တိုင်းအတွက် မတူညီတဲ့ အားသာချက်တွေကို အချိတ်အဆက်မိမိ ထောက်ပံ့ပေးနိုင်တဲ့ စမ်းသပ်ထားတဲ့ နည်းပညာထုတ်ကုန် အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို AI နည်းပညာနဲ့ အချက်အလက် အခြေပြုစနစ်ကနေ ဝန်ဆောင်မှု ထောက်ပံ့သူတွေကို OPEX နဲ့ CAPEX ကို လျော့ကျသက်သာစေနိုင်မယ့် အကျိုးကို ရရှိစေရုံသာမက ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

Telenor Group ရဲ့ CTO ဖြစ်သူ Ruza Sabanovic က “တယ်လီနောမြန်မာအနေနဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ် ကတည်းက စွမ်းအင်အသုံးပြုတာ လျှော့ချဖို့နဲ့ ကာဗွန်ထုတ်လုပ်မှုကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်ဖို့အတွက် စနစ်တကျလုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကဆိုရင် ကျွန်တော်တို့ရဲ့ ဆိုက်တွေက စွမ်းအင် အသုံးပြုမှုကို သာမန်ထက် ၁၉ ရာခိုင်နှုန်းလျှော့ချပြီး သုံးစွဲနိုင်ခဲ့ပါပြီ။ အခုဆို ကျွန်တော်တို့အနေနဲ့ ပိုပြီး ကောင်းမွန်တဲ့ခြေလှမ်းတွေကို Ericsson ရဲ့ စွမ်းအင်စီမံအုပ်ချုပ်မှု solution အသစ်ကို တယ်လီနောမြန်မာရဲ့ ကွန်ရက်မှာ စတင်သုံးစွဲနေပါပြီ။ အခုလို သုံးစွဲလိုက်ခြင်းက machine-learning တွေနဲ့ ဒေတာအချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်းတွေကနေတစ်ဆင့် စွမ်းအင်အသုံးပြုခြင်းတွေကို မျှမျှတတ အသုံးပြုတတ်လာမှာဖြစ်သလို ဆိုက်အတွက် အမြင့်ဆုံးစွမ်းဆောင်ရည် ရရှိနိုင်စေမယ့်အပြင် ရာသီဥတု အပြောင်းအလဲတွေနဲ့လည်း သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်ဖို့ ကျွန်တော်တို့အတွက် ကူညီပေးနိုင်မှာဖြစ်ပါတယ်” လို့ပြောပါတယ်။

လက်ရှိတွင် OPEX ဆိုက်များအတွင်း စွမ်းအင်အသုံးပြုနေမှုမှာ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီး Ericsson’s AI report အစီရင်ခံစာအရ အော်ပရေတာများအတွက် အဓိက ဦးစားပေးမှာ OPEX လျှော့ချနိုင်ရေး ဖြစ်တယ်လို့သိရပါတယ်။

-ရဲထွဋ်ဝင်း