EPSON 4 Color Ink-Jet ပရင်တာ

HP-Deskjet-1010--Printer.gif

ဈေးကွက်ထဲသို့ အသစ်ဝင် ရောက်လာသော ၂၀၁၄ ခုနှစ်ထုတ် EPSON အမှတ်တံဆိပ် 4 Color Ink-Jet Printer ဖြစ်ပါတယ်။ ယခင်ဈေးကွက်တွင် လူကြိုက်များခဲ့သော EPSON အမှတ်တံဆိပ် L110 နေရာတွင်  L120 မော်ဒယ်ဖြင့် ဝင်ရောက်လာတာ ဖြစ်ပြီး Print Speed ISO 8.5 Print Per Minute နည်းပညာ ပါရှိသည့် အမျိုးအစား ဖြစ်ပါတယ်။ Print Resolution 720 X 720 dpi အမျိုးအစားဖြစ်ပြီး ကုန်ကျစရိတ် လွန်စွာသက်သာသော နည်းပညာစနစ်များဖြင့် ဖွဲ့စည်းထားပါတယ်။

အဖြူ၊ အမည်းဖြင့်ဆိုပါက အရွက်ရေ ၄,၀၀၀ ထိ ထုတ်နိုင်သောကြောင့် ကုန်ကျစရိတ် များစွာ သက်သာစေမှာ ဖြစ်ပါတယ်။ Compact Design ဖြစ်တာကြောင့် နေရာစားသက်သာပြီး အိမ်သုံး၊ ရုံးသုံးအတွက် အထူး သင့်လျော်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံထုတ် အမျိုးအစားဖြစ်ပြီး မော်ဒယ်သစ် အထူးဈေးနှုန်း ကျပ် ၁၁၇,၀၀၀  ကျပ်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ Multi Generation Electronic Wholesales Centre အမှတ် (၅၀၈ – ၅၁၂)၊ သရဖီကွန်ဒို၊ ကုန်သည်လမ်းမပေါ် (ဆိပ်ကမ်းသာလမ်းထောင့်)၊ ကျောက်တံတားမြို့နယ်၊ ဖုန်း-၀၉၇၃၂၄၀၁၂၃ မှာ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။     

-အေးဖြူ