Environmental Studies Online Course သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

Environmental Studies ဘာသာရပ်ကို Online ကနေတစ်ဆင့် လေ့လာနိုင်ဖို့အတွက် လျှောက်လွှာခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။

Environmental Studies ဘာသာရပ်ကို ပြန်လည်ဝေမျှလိုတဲ့ B.Sc (Environmental Studies) Engg. ဘွဲ့ရကျောင်းသား၊ ကျောင်းသူဟောင်းများမှ ကိုယ်ပိုင်အစီအစဉ်ဖြင့် Environmental Studies Online Course ကို ဦးဆောင်ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ Environmental Studies ဘာသာရပ်ကို ပြည်သူလူထု အလွယ်တကူ လေ့လာနိုင်စေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုမိုချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ကြစေဖို့ ရည်ရွယ်ဖွင့် လှစ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အွန်လိုင်းကနေတစ်ဆင့် အလွယ်တကူ လေ့လာနိုင်သလို မိမိအဆင်ပြေ တဲ့ အချိန်မှလည်း ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ email မှ တစ်ဆင့် သင်ခန်းစာတွေကို ပေးပို့သွားမှာ ဖြစ်သလို သင်တန်းသားတွေအနေနဲ့ အင်တာနက်ရှိတဲ့ မည်သည့်နေရာမှမဆို ချိတ်ဆက်အသုံးပြုပြီး သင်ခန်းစာတွေကို ဖတ်ရှုနိုင်ခြင်းနဲ့ Download ပြုလုပ်ပြီး လေ့လာခြင်းတွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းလျှောက်ထားလိုသူတွေ အနေနဲ့ ဘွဲ့ရ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ရမှာ ဖြစ်သလို ဝက်ဘ်ဆိုက်လင့်ခ်ဖြစ်တဲ့ ဒီနေရာမှ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်တန်းကို မတ် ၅ ရက်မှ မေ ၅ ရက်နေ့အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ ၂၀၀၀၀ ကျပ်ဖြစ်ပြီး သင်တန်းကြေးကို KBZ Pay ဖြင့်ပေးသွင်းရမှာဖြစ်ပါတယ်။

-ဝေဝေ