Environmental Studies ဘွဲ့လွန်ဒီပလိုမာသင်တန်း အတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်တက္ကသိုလ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ Post Graduate Diploma in Enviroments Studies အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

သင်တန်းကို ဒီဇင်ဘာ ၉ ရက်မှ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလ တစ်နှစ်ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး ဝင်ခွင့်ရေးဖြေစာမေးပွဲနဲ့ လူတွေ့စာမေးပွဲ ကို ဖြေဆိုရမှာဖြစ်ပါတယ်။

သင်တန်းချိန်ကတော့ တနင်္လာမှ သောကြာ၊ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ ၆ ရက်၊ နံနက် ၉ နာရီ ရန်ကုန်တက္ကသိုလ် အခန်း A5 မှာ ဖြေဆိုရမှာဖြစ်ပါတယ်။ လူတွေ့ဖြေဆိုခြင်းကို ဒီဇင်ဘာ ၇ ရက်မှာ ဖြေဆိုရမှာပါ။ လျှောက်လွှာတွေကို နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ ထုတ်ယူနိုင်ပြီး ဒီဇင်ဘာ ၂ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကို ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ဌာန ဖုန်း – ၀၁- ၅၃၄၃၉၀ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ