Environmental Science online သင်တန်းလျှောက်လွှာခေါ်ယူ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဆက်စပ်ဘာသာရပ်တွေကို ဗဟုသုတ ရှာမှီးလိုသူတွေအတွက် Environmental Science online သင်တန်းလျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

သင်တန်းကာလက ဇွန် ၂ ရက်မှ သြဂုတ် ၂ ရက်အထိ ဖြစ်ပြီး သင်တန်းကို ဘွဲ့ရ (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ အီးမေးလ်မှ တစ်ဆင့် သင်ခန်းစာတွေကို ပေးပို့သွားမှာ ဖြစ်ပြီး online email system ဖြစ်တဲ့အတွက် မိမိအဆင်ပြေတဲ့အချိန်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ သင်တန်းသားတွေအနေနဲ့ အင်တာနက်ရှိတဲ့ မည်သည့်နေရာမှ မဆို ချိတ်ဆက်အသုံးပြုပြီး သင်ခန်းစာများကို ဖတ်ရှုခြင်း၊Download ပြုလုပ်ပြီး လေ့လာခြင်းတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

သင်တန်းကြေး ၂၀,၀၀၀ ကျပ် ဖြစ်ပြီး http://tiny.cc/ESOC မှာ စာရင်းပေးသွင်းတက်ရောက်နိုင်မှာပါ ။ Basic Course လေ့လာပြီးသူတွေ အနေနဲ့ Intermediate Course ကို ထပ်မံလေ့လာသင်ယူနိုင်ပါတယ်။ အသေးစိတ်ကို https://m.me/esonline.mm မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ