Entrepreneurship World Cup 2020 Global Finals ကို မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် Waso LearnMobile Application မှ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိ

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (Myanmar Young Entrepreneurship Association, MYEA) National Organizer အဖြစ် ဦးစီးကျင်းပတဲ့ Entrepreneurship World Cup 2020 ရဲ့ Myanmar National Winner ကို Waso Learn – ဝါဆိုလန်းမှ ရရှိခဲ့ပါတယ်။

အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင် ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို Entrepreneurship World Cup Platform ရဲ့ နိုင်ငံတကာ သတ်မှတ်ချက်တွေနဲ့ အကဲဖြတ်စစ်ဆေးခဲ့ကာ National Winner ဆုကို Waso Learn – ဝါဆိုလန်းမှ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုရရှိခဲ့တဲ့အတွက် Global EWC 2020 Top 100 ရွေးချယ်ပွဲမှာ Global Finalist အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

တစ်ကမ္ဘာ့လုံးဆိုင်ရာ Entrepreneurship World Cup 2020 Global Finals ကို အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ Riyadh, Saudi Arabia မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ The Entrepreneurship World Cup (EWC) ဟာ စွန့်ဦးတီထွင်ခြင်းနဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး နှစ်စဉ် နိုင်ငံပေါင်း ၂၀၀ ကျော်၊ ပြိုင်ပွဲဝင်ပေါင်း ၁၀၀,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ  ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««