English in Early Childhood: Language Learning and Development သင်တန်းကို အွန်လိုင်းမှတစ်ဆင့် အခမဲ့တက်ရောက်နိုင်

မိဘများနဲ့ ဆရာ/ဆရာမများအတွက် English in Early Childhood: Language Learning and Development သင်တန်းကို အွန်လိုင်းမှ အခမဲ့ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

www.futurelearn.com မှတစ်ဆင့် တက်ရောက်ရမှာဖြစ်ပြီး သင်တန်းမှာ ငယ်ရွယ်သောကလေးများက မိခင်ဘာသာစကားလေ့လာနေချိန်မှာ အင်္ဂလိပ်စာကို နောက်ထပ်ဘာသာစကားတစ်ခု အနေနဲ့ ဘယ်လိုပုံစံမျိုး အထိရောက်ဆုံးလေ့လာပုံကို သင်ကြားပို့ချပေးမှာဖြစ်သလို ကလေးငယ်တွေကို အကောင်းဆုံးလေ့လာနိုင်တဲ့ အတွေ့အကြုံမျိုး ရရှိစေဖို့ နည်းလမ်းများကိုလည်း ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းမှာ How Childern Learn, Learning Through play, How to talk to young children, Learning: English and everything, Positive relationships and enabling environments, Watching children learn စတာတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းကာလကတော့ ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းကို ဒီနေရာမှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

-သန္တာ