English for Myanmar

အင်္ဂလိပ်စာကို စနစ်တကျ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ အင်္ဂလိပ် သဒ္ဒါဆိုင်ရာ၊ ဝါကျတည်ဆောက်မှုဆိုင်ရာ၊ အရေး၊ အဖတ်၊ အသုံးများတဲ့စကားပြော၊ အဆိုအမိန့်၊ စကားပုံ၊ အီဒီယမ်၊ အရပ်သုံးဝေါဟာရ၊ ဘာသာပြန် စတာတွေကို လေ့လာနိုင်မယ့်အပြင် ဝေါဟာရတိုးတက်စေမယ့် ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဉ်တွေ ကိုပါ ကစားနိုင်အောင် ဖန်တီးထားပြီး အခမဲ့အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ အပတ်စဉ်၊ လစဉ် စစ်ဆေးမှုတွေကိုလည်း အသုံးပြုနိုင်မှာဖြစ်သလို သေချာလေ့လာပါက မိမိရဲ့ အင်္ဂလိပ်စာအရည်အသွေးကို Intermediate level အထိ မြှင့်တင်နိုင်မှာဖြစ်ပြီး သင့်အနေနဲ့ မသိရှိတာတွေကိုလည်း ဆရာကို တိုက်ရိုက်မေးမြန်းနိုင်မှာလည်း ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး အခမဲ့၊ အခပေး ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

App ကို Android ver 5.0 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««