Encrypt ဖုန်းရောင်းချတဲ့ ကုမ္ပဏီကို ရာဇဝတ်ကောင်တွေ ထိန်းချုပ်ထား

MPC ဟာ encrypt ကာကွယ်မှုနဲ့ အထူးပြုလုပ်ထားတဲ့ firmware အသုံးပြုထားတဲ့ ဖုန်းတွေ၊ tablet တွေနဲ့ ကွန်ပျူတာတွေကို ရောင်းချပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီကို ထိန်းချူပ်ထားသူတွေ ကတော့ The Brothers လို့ လူသိများကြတဲ့ ရာဇဝတ်ကောင်တွေဖြစ်တယ်လို့ Vice က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ The Brothers ကို အာဏာပိုင်တွေက မဖမ်းမိသေးပါဘူး။

The Brothers ဟာ ကိုယ်ပိုင် operating system တွေပြုလုပ်ဖို့ developer တွကို မငှားရမ်းခင်မှာ encrypt လုပ်ထားတဲ့ BlackBerry ကို ဝယ်ယူအသုံးပြုခဲ့တယ်လို့ Vice ကဖော်ပြခဲ့ပါတယ်။ The Brothers ဟာ တစ်ကိုယ်ရေ အချက်အလက် လုံခြုံစေမယ့် OS တွေကို ဖုန်းတွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။ The Brothers ဟာ ဘယ်လိုဖုန်းတွေကို အသုံးပြုခဲ့လဲဆိုတာ သတင်းမှာ မရေးထားပါဘူး။ MPC အနေနဲ့ အထူးပြုလုပ်ထားတဲ့ OS ပါဝင်တဲ့ Nexus 5 နဲ့ 5X ဖုန်းတွေကို ရောင်းချခဲ့ပြီး အဲဒီဖုန်းတွေကိုပဲ The Brothers က အသုံးပြုခဲ့ပါတယ်။

MPC ဟာ တစ်ကိုယ်ရေ အချက်အလက်နဲ့ ပတ်သက်ပြီး သတိရှိတဲ့ ဝယ်ယူသူတွေဆီ တရားဝင်ဈေးကွက်ရှာဖွေခဲ့ပါတယ်။ ဈေးကွက်ရှာဖွေရေးအတွက် အက်ဒ်ဝပ်စနိုဒင်ရဲ့ ရုပ်ပုံတွေကို အသုံးပြုခဲ့ပါတယ်။

စိုးထက်
Ref: TheVerge