EMUI 11 က Huawei ရဲ့နောက်ဆုံး EMUI ဗားရှင်းဖြစ်နိုင်

Huawei ဟာ ကိုယ်ပိုင် operating system ဖြစ်တဲ့ Harmony OS (HongMeng OS) ကိုလုပ်ကိုင်နေတယ်လို့ သတင်းထွက်လာပြီးနောက် Android နေရာကို အစားထိုးဖွယ်ရှိနေပါတယ်။ Huawei က အဲဒီ OS က စမတ်ဖုန်းအတွက် မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဒါပေမဲ့ ထရမ့်အစိုးရက Huawei အပေါ် ကုန်သွယ်ရေး ပိတ်မဆို့ခင်က ပြောထားတာ ဖြစ်ပါတယ်။ ဩဂုတ်လ နှောင်းပိုင်းမှာတော့ Huawei က Harmony OS တရားဝင်မိတ်ဆက်လိုက်ပါတယ်။

MyDrivers သတင်းကတော့ Huawei လူသုံးကုန်လုပ်ငန်းအုပ်စုက Software ဖန်တီးရေးအကြီးအကဲ ဝမ်ချန်လူနဲ့ အင်တာဗျူးတစ်ခုကို ဖော်ပြခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာတော့ EMUI 11 နဲ့ HongMeng OS နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မေးခဲ့ပါတယ်။ Huawei အမှုဆောင်ကတော့ HongMeng မှာ EMUI 11 နဲ့တူတဲ့ framework ကိုအသုံးပြုထားပါတယ်။

ဒါကြောင့် Android 11 အခြေခံ EMUI ကတော့ အကူးအပြောင်းကာလထဲ ရောက်ရှိနေပြီး HongMeng OS ပထမဆုံး public ဖြန့်ချိမှုအတွက် ပြင်ဆင်နေပုံရပါတယ်။ HongMeng OS 2.0 ကတော့ တီဗီ၊ ကား၊ နာရီတွေမှာ ထွက်ရှိပြီး EMUI 11 နေရာမှာ HongMeng OS 2.0 အစားဝင်လာဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««