Emoji သစ္ ၁၅၇ ခုပါဝင္တဲ့ Android P Beta 2 ကို Google မိတ္ဆက္

[Zawgyi]

Google ဟာ အသစ္ထြက္ရွိမယ့္ Android P ရဲ႕ beta ဗားရွင္းသစ္ကို မိတ္ဆက္ခဲ့ၿပီး ဒီႏွစ္ေႏွာင္းပုိင္းမွာ စတင္ပါဝင္လာမယ့္ emoji update ေတြကိုလည္း ထုတ္ေဖာ္ျပသခဲ့ပါတယ္။ အဲဒီ emoji ေတြမွာ စကိတ္ဘုတ္နဲ႔ ေက်ာက္ပုစြန္လိုမ်ိဳး item သစ္ေတြနဲ႔ ဆံပင္အနီေရာင္ emoji ေတြအျပင္ မိသားစုနဲ႔ စုံတြဲေတြအတြက္ လိင္သဘာဝ မခြဲျခားထားတဲ့ emoji ေတြလည္း ပါဝင္လာပါတယ္။

အဲဒီ emoji ေတြကုိ Unicode Standard နဲ႔ ျပဳလုပ္ထားၿပီးသား ျဖစ္ပါတယ္။ လိင္သဘာဝ ရည္ညႊန္းမထားရင္ လိင္သဘာဝ မခြဲျခားတာ ဒါမွမဟုတ္ လိင္သဘာဝမ်ိဳးစုံကို အသုံးျပဳသင့္တယ္ဆိုတဲ့ Emojipedia ရဲ႕ လမ္းညႊန္ခ်က္အတိုင္း Google က လိုက္နာထားပါတယ္။ ဒါေၾကာင့္ မိသားစုနဲ႔ စုံတြဲအတြက္ default emoji မွာ က်ား/မ လိင္သဘာဝကုိ တိတိက်က် ခြဲျခားထားျခင္း မရွိဘဲ လိင္သဘာဝ အမ်ိဳးမ်ိဳး ေပါင္းစပ္ထားတဲ့ emoji ကုိ သုံးစြဲသူေတြ ေရြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။

Google ဟာ အနာဂတ္မွာ အျခား emoji ေတြအတြက္ လိင္မခြဲျခားတဲ့ option ကို default အျဖစ္အသုံးျပဳဖို႔ စီစဥ္လာဖြယ္ရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က Apple ကလည္း လိင္မခြဲျခားထားတဲ့ ကုိယ္ပုိင္ သီးျခား emoji တခ်ိဳ႕ကို မိတ္ဆက္ခဲ့ပါေသးတယ္။

ဒါ့အျပင္ Google ဟာ Android P Beta ဗားရွင္းသစ္မွာ အျခား emoji ေတြကိုလည္း အေျပာင္းအလဲ ျပဳလုပ္ထားပါေသးတယ္။ တခ်ိဳ႕ emoji ေတြျဖစ္တဲ့ အရြက္သုပ္ emoji မွာ သက္သတ္လြတ္အျဖစ္ ေျပာင္းလဲထားတဲ့အတြက္ ၾကက္ဥပါဝင္ေတာ့မွာ မဟုတ္သလုိ အၾကမ္းဖက္မႈအေပၚ အသားေပးေဖာ္ျပမႈကို ေလွ်ာ႔ခ်ဖို႔အတြက္လည္း ပစၥတိုေသနတ္ emoji ေနရာမွာ ေရျပြတ္ေသနတ္နဲ႔ အစားထိုးထားပါတယ္။

အခုဆိုရင္ Android P Beta 2 ဗားရွင္းကို သင့္ေတာ္တဲ့ ထုတ္ကုန္ေတြအတြက္ ျဖန္႔ခ်ိေပးလုိက္ၿပီ ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ဒါမွမဟုတ္ ၾသဂုတ္လ တစ္ခ်ိန္ခ်ိန္မွာ Android P Beta 2 ကို လူတိုင္းအတြက္ ျဖန္႔ခ်ိေပးသြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TheVerge

 

[Unicode]

Google ဟာ အသစ်ထွက်ရှိမယ့် Android P ရဲ့ beta ဗားရှင်းသစ်ကို မိတ်ဆက်ခဲ့ပြီး ဒီနှစ်နှောင်းပိုင်းမှာ စတင်ပါဝင်လာမယ့် emoji update တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီ emoji တွေမှာ စကိတ်ဘုတ်နဲ့ ကျောက်ပုစွန်လိုမျိုး item သစ်တွေနဲ့ ဆံပင်အနီရောင် emoji တွေအပြင် မိသားစုနဲ့ စုံတွဲတွေအတွက် လိင်သဘာဝ မခွဲခြားထားတဲ့ emoji တွေလည်း ပါဝင်လာပါတယ်။

အဲဒီ emoji တွေကို Unicode Standard နဲ့ ပြုလုပ်ထားပြီးသား ဖြစ်ပါတယ်။ လိင်သဘာဝ ရည်ညွှန်းမထားရင် လိင်သဘာဝ မခွဲခြားတာ ဒါမှမဟုတ် လိင်သဘာဝမျိုးစုံကို အသုံးပြုသင့်တယ်ဆိုတဲ့ Emojipedia ရဲ့ လမ်းညွှန်ချက်အတိုင်း Google က လိုက်နာထားပါတယ်။ ဒါကြောင့် မိသားစုနဲ့ စုံတွဲအတွက် default emoji မှာ ကျား/မ လိင်သဘာဝကို တိတိကျကျ ခွဲခြားထားခြင်း မရှိဘဲ လိင်သဘာဝ အမျိုးမျိုး ပေါင်းစပ်ထားတဲ့ emoji ကို သုံးစွဲသူတွေ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Google ဟာ အနာဂတ်မှာ အခြား emoji တွေအတွက် လိင်မခွဲခြားတဲ့ option ကို default အဖြစ်အသုံးပြုဖို့ စီစဉ်လာဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က Apple ကလည်း လိင်မခွဲခြားထားတဲ့ ကိုယ်ပိုင် သီးခြား emoji တချို့ကို မိတ်ဆက်ခဲ့ပါသေးတယ်။

ဒါ့အပြင် Google ဟာ Android P Beta ဗားရှင်းသစ်မှာ အခြား emoji တွေကိုလည်း အပြောင်းအလဲ ပြုလုပ်ထားပါသေးတယ်။ တချို့ emoji တွေဖြစ်တဲ့ အရွက်သုပ် emoji မှာ သက်သတ်လွတ်အဖြစ် ပြောင်းလဲထားတဲ့အတွက် ကြက်ဥပါဝင်တော့မှာ မဟုတ်သလို အကြမ်းဖက်မှုအပေါ် အသားပေးဖော်ပြမှုကို လျှော့ချဖို့အတွက်လည်း ပစ္စတိုသေနတ် emoji နေရာမှာ ရေပြွတ်သေနတ်နဲ့ အစားထိုးထားပါတယ်။

အခုဆိုရင် Android P Beta 2 ဗားရှင်းကို သင့်တော်တဲ့ ထုတ်ကုန်တွေအတွက် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ဒါမှမဟုတ် သြဂုတ်လ တစ်ချိန်ချိန်မှာ Android P Beta 2 ကို လူတိုင်းအတွက် ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge