Emirates က VR နည်းပညာစတင်အသုံးပြု
[Zawgyi]
[Unicode]
Emirates လေကြောင်းလိုင်းက web virtual reality (VR) နည်းပညာကိုစတင်အသုံးပြုလိုက်ကြောင်း သိရပါတယ်။
သူတို့ရဲ့ဝက်ဘ်ဆိုက်ဖြစ်တဲ့ emirates.com မှာစတင်အသုံးပြုလိုက်တာဖြစ်ကြောင်း၊ ခရီးသည်တွေ အနေနဲ့ Emirates A380 နဲ့ Emirates Boeing 777 ရဲ့ အတွင်းပိုင်းဖွဲ့စည်းမှုတွေကိိုု ရုပ်လုံးကြွ 3D 360 ဒီဂရီ ပုံရိပ်တွေနဲ့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဲဒီ နည်းပညာမှတဆင့် ခရီးသည်တွေရဲ့ ထိုင်ခုံ၊ လေယာဉ်အတွင်းပိုင်း နဲ့ Emirates လေယာဉ်ပေါ်ရှိ ထုတ်ကုန်နဲ့ဝန် ဆောင်မှုတွေကို လက်မှတ် မဝယ်ယူခင်မှာ ကြိုတင်ကြည့်ရှုနိုင်မယ်လို့သိရပါ တယ်။ မြန်မာနိုင်ငံမှ ခရီးတွေအနေနဲ့ လည်း မကြာခင်မှာ Boeing 777 လေယာဉ်ရဲ့ Economy နဲ့ Business စီးနင်းလိုက်ပါမှု ၂ မျိုးလုံးအား ဝင်ရောက်လေ့လာနိုင်မှာဖြစ်ကြောင်း၊ 3D ထိုင်ခုံရွေးချယ်မှုမြေပုံ (3D seat map) မှတဆင့် ကြိုက်နှစ်သက်ရာ ထိုင်ခုံများကို ကြိုတင်စာရင်းပေး ဝယ်ယူနိုင်မှာဖြစ်ကြောင်းသိရပါတယ်။
Emirates.com ကို မိုဘိုင်းဖုန်းမှတစ်ဆင့်သို့မဟုတ် iOS နဲ့ Android နှစ်မျိုးစလုံးမှာအသုံးပြုနိုင်တဲ့ Emirates app မှတစ်ဆင့်ဝင်ရောက်ပြီး အွန်လိုင်းမှာ 3D ထိုင်ခုံရွေးချယ်မှုမြေပုံကိုကြည့်ရှုနိုင်မှာဖြစ် ပါ တယ်။