eMandalay app အား iOS တွင်အသုံးပြုနိုင်ရန်စီစဉ်

eMandalay app ကို iOS မှာ အသုံးပြုနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အစိုးရရုံးဌာနတွေအားလုံးနဲ့ပတ်သက်တဲ့ အဓိကအချက်တွေ၊ ပြည်သူကိုပေးနေတဲ့ ဝန်ဆောင်မှုတွေမှာ လိုအပ်နေတဲ့ အချက်တွေ၊ ခေါ်ယူနေတဲ့ တင်ဒါတွေ၊ ဌာနတွေက ဝန်ထမ်းခေါ်ယူမှုတွေကို တစ်စုတည်းဖြစ်အောင် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အစိုးရရုံဌာန ဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို eMandalay ကနေ တစ်ဆင့်သိနိုင်မယ်လို့ ဆိုပါတယ်။ ဦးစီးဌာနတွေက ပြုလုပ်တဲ့တင်ဒါတွေ ပြည်သူကိုပေးလိုတဲ့ အချက်အလက်တွေကို ဖော်ပြပေးထားပြီး Mobile app သွင်းထားလို့ရှိရင် noti တွေကနေတစ်ဆင့် အချိန်နဲ့ တစ်ပြေးညီ သိနိုင်မယ်လို့ ဆိုပါတယ်။လက်ရှိ Google Play Store မှာ eMandalay app ထားရှိပေးတာဖြစ်ပြီး မကြာခင် iOS app store မှာလည်း ထားရှိနိုင်ဖို့ဆောင်ရွက် နေတယ်လို့ အခုလအစောပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ eGovernment conference and ICT exhibition 2017 အခမ်းအနားကနေ သိရတာဖြစ်ပါတယ်။

eMandalay ကနေတစ်ဆင့် သက်ဆိုင်ရာဌာန ဝက်ဘ်ဆိုက်တွေကို အလွယ်တကူ သွားရောက်ကာ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်တာမျိုး ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။ ဝက်ဘ်ဆိုက်လိပ်စာကတော့ www.emandalay.gov.mm ဖြစ်ပါတယ်။

-ထွန်းထွန်း