
eLibraryUSA ဒေတာဘေ့စ်များ မိတ်ဆက်ခြင်း သင်တန်းကို မေ ၁၅ ရက်၊ နေ့လယ်၂ နာရီမှ ၃ နာရီထိ အွန်လိုင်းမှ ပြန်လည်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
Research Skills Session တစ်ခု ဖြစ်တဲ့ eLibraryUSA ဒေတာဘေ့စ်များ မိတ်ဆက်ခြင်း သင်တန်းတွင် ပညာရပ်ဆိုင်ရာနှင့်သတင်းအချက်အလက် ဒေတာဘေ့စ်များကို မိမိအိမ်ကနေ ဘယ်လိုအသုံးပြုရမယ်ဆိုတာကို လေ့လာနိုင်မှာဖြစ်ပြီး COVID19 ကြောင့် အမေရိကန်စင်တာရန်ကုန်နဲ့ ဂျက်ဖာဆင်စင်တာ မန္တလေးတို့ကိုပိတ်ထားစဥ်ကာလမှာ ဒီဒေတာဘေ့စ်တွေကို အခမဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ Zoom Meeting Room နဲ့ တက်ရောက်ရမှာ ဖြစ်ပါပြီး တက်ရောက်လိုပါက ဒီနေရာမှာ စာရင်းပေးသွင်းနိုင်ပါတယ်။
-သန္တာ
အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .