eGovernment စနစ္ ထိေရာက္စြာသံုးႏုိင္ရန္ PyiDaungSu Font ႏွင့္ Keyboard ကိုအသံုးျပဳရန္လိုဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္မွ ေျပာၾကား

[Unicode]

eGovernment စနစ္ ထိထိေရာက္ေရာက္ သံုးႏုိင္ဖို႔အတြက္ International Standard Organization 10646 နဲ႔ ပိုမိုကိုက္ညီတဲ့ PyiDaungSu Font ၊ Keyboard ကိုအသံုးျပဳဖို႔နဲ႔ အဆိုပါစနစ္ သံုးစြဲေရးအတြက္ အေရးတႀကီး လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း တိုက္တြန္းခ်က္ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္က ေဖေဖာ္၀ါရီလ ၂၇ ရက္၊ ေန႔လယ္က ေနျပည္ေတာ္ရွိ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမမွာ က်င္းပခဲ့တဲ့ eGovernment ဦးေဆာင္ေကာ္မတီ တတိယအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးမွာ ထည့္သြင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျမန္္မာႏုိင္ငံရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတုိးတက္ဖို႔ သတ္မွတ္ထားတဲ့ စီးပြားေရးရည္ရြယ္ခ်က္ ၁၂ ရပ္ထဲမွာ eGovernment ကိစၥပါဝင္ၿပီး ၎တုိ႔မွာ Data ID Card System ၊ Digital Government Strategy နဲ႔ eGovernment System ထူေထာင္ရန္ျဖစ္ေၾကာင္း ဆိုပါတယ္။ eGovernment System ကိုထူေထာင္ျခင္းျဖင့္ မိမိတုိ႔ႏုိင္ငံဟာ တုိးတက္ေနတဲ့ ကမၻာႀကီးထဲ ဝင္လာ႐ံုသာမကဘဲ မိမိတုိ႔ရင္ဆုိင္ေနရတဲ့ ျပႆနာေတြအတြက္ပါ ေက်ာ္လႊားႏုိင္မယ့္ အခြင့္အေရးေတြ ရရွိႏိုင္တဲ့အတြက္ eGovernment System ကို အျမန္ဆံုး ထူေထာင္သင့္ေၾကာင္းလည္း တိုက္တြန္းခဲ့ပါတယ္။

eGovernment Master Plan မွာပါဝင္ေနတဲ့အစိုးရရဲ႕ Electronic ဝန္ေဆာင္မႈေတြကို ျပည္သူအားလံုး သိရွိနားလည္ေရးအတြက္ ျမန္မာဘာသာစကားနဲ႔ ဝန္ေဆာင္မႈေပးႏုိင္ဖို႔ ကြန္ပ်ဴတာသံုး ျမန္မာဘာသာစကားစနစ္ကို ျပဳျပင္ရန္ လိုအပ္တာျဖစ္တဲ့အေၾကာင္းဆိုပါတယ္။ ဒါေၾကာင့္ အခုလက္ရွိအသံုးျပဳေနတဲ့ Myanmar-3 Font ကိုမသံုးဘဲ International Standard Organization 10646 နဲ႔ ပိုမိုကိုက္ညီတဲ့ PyiDaungSu Font စနစ္နဲ႕ Keyboard ကိုအသံုးျပဳရန္ ဦးတည္ရမွာျဖစ္ေၾကာင္း ဆိုပါတယ္။ ေနာင္တြင္ တိုင္းရင္းသားဘာသာစကားေတြနဲ႔ပါ eGovernment System ထိထိေရာက္ေရာက္ သံုးႏုိင္မယ့္ အေျခအေနကိုေရာက္ရွိမွာ ျဖစ္တဲ့အတြက္ အဆိုပါစနစ္ကို အေရးတႀကီးလုပ္ေဆာင္ရန္ လုိအပ္ေၾကာင္း ထည္႔သြင္းေျပာဆိုခဲ့ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံရဲ႕ Tele Density မွာ ၁ဝဝ ရာခုိင္ႏႈန္းေက်ာ္ရွိၿပီး အင္တာနက္အသံုးျပဳမႈမွာ ၈ဝ ရာခိုင္ႏႈန္း ေက်ာ္ ရွိေနၿပီျဖစ္သလို မိမိတို႔ႏုိင္ငံရွိ ျပည္သူျပည္သားေတြအေနနဲ႔လည္း ေခတ္နဲ႔အညီလုိက္ၿပီး နည္းပညာေတြကို အသံုးျပဳႏုိင္ပါေၾကာင္း၊ ဒါေၾကာင့္ မိမိတို႔ရဲ႕စနစ္ေတြကလည္း ေခတ္ႏွင့္အညီျဖစ္ရန္ အေရးႀကီးေၾကာင္း ၊ Data Security , Data Privacy , Data Sharing စတဲ့ ကိစၥရပ္ေတြဟာ ျပည္သူျပည္သားေတြနဲ႔ ႏုိင္ငံရဲ႕လံုၿခံဳမႈကို ကာကြယ္တဲ့အေနနဲ႔ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း အတိုင္ပင္ခံပုဂၢဳိလ္က ထည္႔သြင္းေျပာၾကားခဲ့ေၾကာင္း Myanmar National Portal မွာေဖာ္ျပထားတဲ့ သတင္းတစ္ရပ္အရ သိရပါတယ္။

[Unicode]

eGovernment စနစ် ထိထိရောက်ရောက် သုံးနိုင်ဖို့အတွက် International Standard Organization 10646 နဲ့ ပိုမိုကိုက်ညီတဲ့ PyiDaungSu Font ၊ Keyboard ကိုအသုံးပြုဖို့နဲ့ အဆိုပါစနစ် သုံးစွဲရေးအတွက် အရေးတကြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း တိုက်တွန်းချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဖေဖော်ဝါရီလ ၂၇ ရက်၊ နေ့လယ်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ eGovernment ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန််မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ သတ်မှတ်ထားတဲ့ စီးပွားရေးရည်ရွယ်ချက် ၁၂ ရပ်ထဲမှာ eGovernment ကိစ္စပါဝင်ပြီး ၎င်းတို့မှာ Data ID Card System ၊ Digital Government Strategy နဲ့ eGovernment System ထူထောင်ရန်ဖြစ်ကြောင်း ဆိုပါတယ်။ eGovernment System ကိုထူထောင်ခြင်းဖြင့် မိမိတို့နိုင်ငံဟာ တိုးတက်နေတဲ့ ကမ္ဘာကြီးထဲ ဝင်လာရုံသာမကဘဲ မိမိတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက်ပါ ကျော်လွှားနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်တဲ့အတွက် eGovernment System ကို အမြန်ဆုံး ထူထောင်သင့်ကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။

eGovernment Master Plan မှာပါဝင်နေတဲ့အစိုးရရဲ့ Electronic ဝန်ဆောင်မှုတွေကို ပြည်သူအားလုံး သိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန် လိုအပ်တာဖြစ်တဲ့အကြောင်းဆိုပါတယ်။ ဒါကြောင့် အခုလက်ရှိအသုံးပြုနေတဲ့ Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နဲ့ ပိုမိုကိုက်ညီတဲ့ PyiDaungSu Font စနစ်နဲ့ Keyboard ကိုအသုံးပြုရန် ဦးတည်ရမှာဖြစ်ကြောင်း ဆိုပါတယ်။ နောင်တွင် တိုင်းရင်းသားဘာသာစကားတွေနဲ့ပါ eGovernment System ထိထိရောက်ရောက် သုံးနိုင်မယ့် အခြေအနေကိုရောက်ရှိမှာ ဖြစ်တဲ့အတွက် အဆိုပါစနစ်ကို အရေးတကြီးလုပ်ဆောင်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ Tele Density မှာ ၁ဝဝ ရာခိုင်နှုန်းကျော်ရှိပြီး အင်တာနက်အသုံးပြုမှုမှာ ၈ဝ ရာခိုင်နှုန်း ကျော် ရှိနေပြီဖြစ်သလို မိမိတို့နိုင်ငံရှိ ပြည်သူပြည်သားတွေအနေနဲ့လည်း ခေတ်နဲ့အညီလိုက်ပြီး နည်းပညာတွေကို အသုံးပြုနိုင်ပါကြောင်း၊ ဒါကြောင့် မိမိတို့ရဲ့စနစ်တွေကလည်း ခေတ်နှင့်အညီဖြစ်ရန် အရေးကြီးကြောင်း ၊ Data Security , Data Privacy , Data Sharing စတဲ့ ကိစ္စရပ်တွေဟာ ပြည်သူပြည်သားတွေနဲ့ နိုင်ငံရဲ့လုံခြုံမှုကို ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ရမှာဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့ကြောင်း Myanmar National Portal မှာဖော်ပြထားတဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။