EducationUSA Burma မှ Virtual Scholarship and College Fair ပြုလုပ်မည်

EducationUSA Burma မှ Virtual Scholarship and College Fair ကို ဇူလိုင် ၁၇ ရက် ည ၇ နာရီခွဲ မှာ Zoom Application မှတစ်ဆင့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ အမေရိကန်နိုင်ငံရှိ ကောလိပ်များ၊ တက္ကသိုလ်များမှ ကိုယ်စားလှယ်‌တွေက နိုင်ငံတကာကျောင်းသားများအတွက် ပညာသင်ဆုများအကြောင်း၊ ကောလိပ်ဝင်ခွင့်များအကြောင်း၊ မှန်ကန်တဲ့ ကောလိပ်ကို ဘယ်လိုရှာဖွေရမလဲ၊ တက္ကသိုလ်တစ်ခုချင်းစီရဲ့ Special Program တွေနဲ့ အခွင့်အရေးတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ပွဲသို့ ကိုးတန်းနဲ့ ဆယ်တန်း ကျောင်းသား ကျောင်းသူတွေနဲ့ မိဘေတွ ၊ လက်ရှိ ကောလိပ်တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ တက်ရောက်နိုင်ပါတယ်။

ပါဝင်တဲ့တက္ကသိုလ်တွေကတော့ Purdue University, Indiana University (Bloomington), Marian University of Indianapolis တို့ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ https://thebaci.org/july17/ မှာ register ပြုလုပ်ရမှာဖြစ်ပါတယ်။

-သန္တာ