Education USA Burma မှ Virtual College Fair ပြုလုပ်မည်

Education USA Burma မှ Virtual College Fair ကို ဧပြီ ၂၉ ရက် နဲ့ မေ ၇ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ Online Event ကို ညနေ ၃ နာရီခွဲမှ ၆ နာရီခွဲအထိ ကျင်းပသွားမှာဖြစ်ပြီး US College နဲ့ တက္ကသိုလ်ပေါင်း ၂၀ ပါဝင်မှာပါ။ ပွဲတက်ရောက်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ရောက်ဖို့အတွက် လိုအပ်တဲ့ ဗဟုသုတတွေ၊ အကြံဥာဏ်တွေကို Education USA မှအကြံပေးများဆီမှ ရယူနိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အသေးစိတ်ကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

-သန္တာ