edotco Myanmar ႏွင့္ Ooredoo တို႔ပူးေပါင္းၿပီး စြမ္းအင္ဆိုင္ရာ၀န္ေဆာင္မႈ ေပးရန္ စီစဥ္

[ Zawgyi ]

edotco Myanmar နဲ႔ Ooredoo တို႔ပူးေပါင္းၿပီး စြမ္းအင္ဆိုင္ရာ ဝန္ေဆာင္မႈေတြေပးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဆက္သြယ္ေရး တာဝါေဆာက္လုပ္ဖို႔ေနရာေပါင္း ၁၂၅၀ အတြက္လိုအပ္တဲ့ စြမ္းအင္နဲ႔ စီမံခန္႔ခြဲမႈကို ေပးဖို႔အတြက္ သေဘာတူ လက္မွတ္ေရးထိုးခဲ့ၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီလို ေဆာင္ရြက္ျခင္းအားျဖင့္ တာဝါတည္ရွိရာေနရာအားလံုးမ်ာ လွ်ပ္စစ္ဓါတ္အား အဆက္မျပတ္ ေပးအပ္ႏိုင္မယ္လို႔ ဆိုပါတယ္။

edotco MM ဟာ မေလးရွားႏိုင္ငံရဲ႕ edotco Group လုပ္ငန္းခြဲတစ္ခုျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕ ဆက္သြယ္ေရးက႑မွာ ၂၀၁၅ ခုႏွစ္က ဝင္ေရာက္လုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။ မေလးရွား၊ ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ ကေမာၻဒီးယား၊ သီရိလကၤာနဲ႔ ပါကစၥတန္ႏိုင္ငံေတြမွာရွိတဲ့ တာဝါေပါင္း ၁၆၇၆၀ ကို တိုက္႐ိုက္စီမံခန္႔ခြဲေနတယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

===============

[ Unicode ]

edotco Myanmar နှင့် Ooredoo တို့ပူးပေါင်းပြီး စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုပေးရန် စီစဉ်

===============

edotco Myanmar နဲ့ Ooredoo တို့ပူးပေါင်းပြီး စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုတွေပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဆက်သွယ်ရေး တာဝါဆောက်လုပ်ဖို့နေရာပေါင်း ၁၂၅၀ အတွက်လိုအပ်တဲ့ စွမ်းအင်နဲ့ စီမံခန့်ခွဲမှုကို ပေးဖို့အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့် တာဝါတည်ရှိရာနေရာအားလုံးမျာ လျှပ်စစ်ဓါတ်အား အဆက်မပြတ် ပေးအပ်နိုင်မယ်လို့ ဆိုပါတယ်။

edotco MM ဟာ မလေးရှားနိုင်ငံရဲ့ edotco Group လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ၂၀၁၅ ခုနှစ်က ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ မလေးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေမှာရှိတဲ့ တာဝါပေါင်း ၁၆၇၆၀ ကို တိုက်ရိုက်စီမံခန့်ခွဲနေတယ်လို့ သိရပါတယ်။

-ထွန်းထွန်း