Edge-to-edge screen ပါဝင်တဲ့ Huawei Mate 10 ကို အောက်တိုဘာလတွင် တွေ့မြင်ရမည်ဟုဆို

အသစ်ထွက်မယ့် Huawei Mate 10 မှာ JDI ရဲ့ 18:9 Full Active display ပါဝင်လာပြီး အောက်တိုဘာလမှာ မိတ်ဆက်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် Mate 10 မှာ 10nm HiSilicon Kirin 970 chipset အသုံးပြုထားတဲ့အတွက် အလွန်လျင်မြန်တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Supply chain ကတော့ Mate 10 မှာ ၆ လက်မ 18:9 2160 x 1080px screen အသုံးပြုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ Mate 9 မှာ ၅.၉ လက်မ 16:9 screen ကို အသုံးပြုထားပါတယ်။ ၆ လက်မ 18:9 screen က Mate 9 ထက် ပိုရှည်ပေမယ့် အနည်းငယ်ပိုကျဉ်းပါတယ်။

ဒါ့အပြင် iPhone 8 မှာပါဝင်လာဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေတဲ့ 3D sensing dual camera နဲ့ AI လုပ်ဆောင်ချက်အချို့ကိုလည်း Mate 10 မှာ တွေ့မြင်ရမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena