Echo ထုတ်ကုန်တွေမှာ Alexa ကတစ်ဆင့် အသံထိန်းချုပ်မှုနဲ့ SMS message တွေကို ပေးပို့နိုင်

Amazon ဟာ Echo ထုတ်ကုန်တွေအတွက် update ကိုဖြန့်ချိပေးခဲ့ပါတယ်။ Echo ထုတ်ကုန်တွေအတွက် အခမဲ့ ဗီဒီယိုခေါ်ဆိုမှုနဲ့ messaging ဝန်ဆောင်မှုကို ပေးသွားမယ်လို့ မေလမှာ Amazon က ထုတ်ပြန်ထားခဲ့ဖူးပါတယ်။ အဲဒီဝန်ဆောင်မှုကို Alexa Calling လို့ခေါ်ဆိုပြီး Echo ထုတ်ကုန်အချင်းချင်းပဲ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Amazon ရဲ့နောက်ဆုံး update ကို Echo နဲ့ Android ထုတ်ကုန်သုံးစွဲသူတွေပဲ ရယူနိုင်ပါတယ်။ ဒါ့အပြင် Amazon ရဲ့ Alexa အထောက်အပံ့ပါဝင်တဲ့ ထုတ်ကုန်ကို အသုံးပြုပြီး SMS message တွေပေးပို့နိုင်တယ်လို့ TechCrunch ကဖော်ပြခဲ့ပါတယ်။ အဲဒီ feature ကိုအသုံးပြုဖို့ သုံးစွဲသူအနေနဲ့ Android ထုတ်ကုန်က Alexa app ကိုဖွင့်ပြီး “Conversations” tab ကတစ်ဆင့် “Contacts” ကိုရွေးချယ်ပြီး “My Profile” ကနေ “Send SMS” option ကို enable ပြုလုပ်ဖို့ လိုပါတယ်။

အဲဒီလုပ်ဆောင်ချက် ပြုလုပ်ပြီးတာနဲ့ text message တွေကို သုံးစွဲသူကိုယ်စား Alexa ကပေးပို့နိုင်ပါတယ်။
Alexa voice assistant ပါဝင်တဲ့ ထုတ်ကုန်ကို အသုံးပြုပြီး Android ဖုန်းတွေဆီကိုပဲ SMS message တွေကို ပေးပို့နိုင်ပါတယ်။

စိုးထက်
Ref: TechSpot