ECG လုပ်ဆောင်ချက်ပါဝင်လာတဲ့ Asus Vivowatch SP စမတ်နာရီသစ်

Asus ဟာ IFA 2019 ပွဲမှာ ROG Phone II ကို တစ်ကမ္ဘာလုံးရှေ့မှောက်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ထုတ်ဖော်ရောင်းချမယ်ဆိုတာ မထုတ်ပြန်သေးပါဘူး။

Asus ဟာ သုံးစွဲသူတွေ သွေးပေါင်ချိန်နဲ့ ဖိအားရေချိန်ကို တိုင်းနိုင်မယ့် ECG လုပ်ဆောင်ချက်တွေပါဝင်တဲ့ Vivowathc SP ကိုမိတ်ဆက်သွားခဲ့ပါတယ်။ အဲဒီနာရီမှာ တိကျတဲ့ အချက်အလက်အတွက် GPS နဲ့ altimeter ပါဝင်လာပါတယ်။

ဒါ့အပြင် Asus HealthAI ပါဝင်တဲ့ထုတ်ကုန်က သုံးစွဲသူရဲ့ ကိန်းဂဏန်းအချက်အလက်တွေနဲ့ အမူအကျင့်အပေါ် အခြေခံပြီး လမ်းညွှန်မှုတွေပြုလုပ်ပေးမှာပါ။ အဲဒီ platform ကို ကျန်းမာရေးပညာရှင်တွေက ဖန်တီးထားတာ ဖြစ်ပါတယ်။

Vivowatch SP က အမြဲတမ်း အသုံးပြုမယ့်သူတွေကို အာရုံစိုက်ရောင်းချမှာ ဖြစ်ပြီး ရေမီတာ ၅ဝ အထိ ရေစိမ်ခံနိုင်ပါတယ်။ Vivowatch SP ဘေးဘောင်က လက်ဗွေရာတွေမပေါ်ဘဲ လက်ပတ်တွေနဲ့အတူ သင့်တော်တဲ့ စတိုင်ကို ပြောင်းလဲနို်ငပါတယ်။ Vivowatch SP မှာ ဘာ feature မှမဖွင့်ထားရင် ၁၄ ရက်ဆက်တိုက် အသုံးပြုနိုင်ပါတယ်။

Asus က Vivowatch SP ကို ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်နှောင်းပိုင်းမှာ ထုတ်ကုန်ဈေးနှုန်းနဲ့ရောင်းချမယ့် ဈေးကွက်ကို ထုတ်ဖော်ပြောကြားနိုင်ပါတယ်။

စိုးထက်
Ref: GSMArena