eBay India ကုိ ပိတ္သိမ္းလိုက္တဲ့ Flipkart

[ Zawgyi ]

Flipkart အေနနဲ႔ အိႏၵိယရဲ႕ သက္တမ္းအရွည္ဆုံး e-commerce ဝက္ဘ္ဆိုက္ေတြထဲက တစ္ခုျဖစ္တဲ့ eBay.in ကို ပိတ္သိမ္း သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဘန္ဂယ္လာ႐ူၿမိဳ႕အေျခစိုက္ Flipkart ဟာ အသံုးျပဳၿပီးသားထုတ္ကုန္ေတြအတြက္ အြန္လိုင္း platform တစ္ခုကို စတင္လႊင့္တင္သြားမွာ ျဖစ္ပါတယ္။ အဲဒီ platform ဟာ အြန္လိုင္းက တစ္ပတ္ရစ္ထုတ္ကုန္ေတြ ေရာင္းခ်တဲ့ေနရာမွာ ဦးေဆာင္ထားတဲ့ OLX နဲ႔ Quikr တုိ႔ကုိ ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ဟာ eBay.in ကရရွိတဲ့ အသိပညာအေပၚအေျခခံၿပီး တစ္ပတ္ရစ္ကုန္ပစၥည္းေတြနဲ႔ platform သစ္ကုိ တည္ေဆာက္ထားပါတယ္။ ကုန္ပစၥည္းေဟာင္းေတြ ေရာင္းခ်တဲ့ ေဈးကြက္ဟာ ႀကီးမားၿပီး စုစုစည္းစည္း မရွိပါဘူး။ Flipkart ရဲ႕သုံးစြဲသူအေရအတြက္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈအထဲမွာပါဝင္တဲ့ F1 Info Solutions & Services တို႔နဲ႔ ျပန္လည္ျပင္ဆင္ထားတဲ့ ကုန္ပစၥည္းေတြေရာင္းခ်ရာမွာ ႀကံဳေတြ႕ရတဲ့ အဓိကအတားအဆီးေတြကို ေျဖရွင္းႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ အခု platform လႊင့္တင္မႈ တစ္စိတ္တစ္ပုိင္းအျဖစ္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၁၄ ရက္မွာ eBay.in က အေရာင္းအဝယ္အားလုံးကို ရပ္တန္႔သြားၿပီး platfrom သစ္ကုိေျပာင္းလဲသြားမွာ ျဖစ္ပါတယ္” လို႔ ဝန္ထမ္းေတြကို ေပးပုိ႔တဲ့ စာမွာ Flipkart အမႈေဆာင္အရာရွိခ်ဳပ္ ကယ္လ္ယန္ခရစ္နာမာသီက ေျပာၾကားခဲ့ပါတယ္။

F1 Info Solutions & Services ဟာ ကြန္ရက္ျပဳျပင္ေရးစင္တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ Flipkart က ဝယ္ယူခဲ့ပါတယ္။ အဲဒီ platform သစ္ဟာ Flipkart နဲ႔ကြာျခားၿပီး သီးျခားပရိသတ္ေတြကုိပဲ ပစ္မွတ္ထားသြားမယ္လို႔ ကယ္လ္ယန္ခရစ္နာမာသီက ေျပာပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္အေျခစိုက္ eBay ဟာ ၂၀၁၇ ခုႏွစ္မွာ အိႏၵိယလုပ္ငန္းကို Flipkart ဆီေရာင္းခ်ခဲ့ၿပီး Flipkart ရွယ္ယာ ၅ ရာခုိင္ႏႈန္းအတြက္ ေဒၚလာသန္း ၅၀၀ ရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။ Flipkart အေနနဲ႔ eBay.in ကုိစီမံခန္႔ခြဲေနစဥ္မွာ platform ကတစ္ဆင့္ ႏိုင္ငံနယ္နိမိတ္ကုိ ျဖတ္ေက်ာ္ၿပီး ကုန္သြယ္မႈ ျပဳလုပ္လုိတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ အဲဒီအစီအစဥ္ဟာ အိႏၵိယ ကုန္သည္ေတြက eBay ရဲ႕ကမၻာလုံးဆုိင္ရာ သုံးစြဲသူေတြကို ကုန္ပစၥည္းေရာင္းခ်ၿပီး အိႏၵိယသုံးစြဲသူေတြက eBay ရဲ႕အျပည္ျပည္ဆိုင္ရာ ကုန္ပစၥည္း ေရာင္းခ်သူေတြဆီက ပစၥည္းေတြ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ပုိင္းမွာ eBay India ကုိ Mint-Kart အျဖစ္ အမည္ေျပာင္းလဲ ခဲ့ပါတယ္။ ဒါေပမဲ့ စီစဥ္ထားတဲ့အတိုင္း မျဖစ္လာခဲ့ဘဲ ပူးေပါင္းမႈက က်႐ႈံးခဲ့တယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။

ကုန္ပစၥည္းအေဟာင္းေတြ ေရာင္းခ်မယ့္ platform သစ္ကုိ လာမယ့္လမွာ Flipkart ျဖန္႔ခ်ိဖြယ္ရွိေပမယ့္ သုံးစြဲသူအေနနဲ႔ ေျခာက္လၾကာမွပဲ ေဈးဝယ္ထြက္ႏိုင္ဖြယ္ ရွိပါတယ္။ အဲဒီအခ်ိန္အတြင္းမွာ Flipkart ကုန္သည္ေတြပဲ အသုံးျပဳႏိုင္မွာ ျဖစ္တယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။

စုိးထက္
Ref: GadgetsNow

[ Unicode ]

Flipkart အနေနဲ့ အိန္ဒိယရဲ့ သက်တမ်းအရှည်ဆုံး e-commerce ဝက်ဘ်ဆိုက်တွေထဲက တစ်ခုဖြစ်တဲ့ eBay.in ကို ပိတ်သိမ်း သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဘန်ဂယ်လာရူမြို့အခြေစိုက် Flipkart ဟာ အသုံးပြုပြီးသားထုတ်ကုန်တွေအတွက် အွန်လိုင်း platform တစ်ခုကို စတင်လွှင့်တင်သွားမှာ ဖြစ်ပါတယ်။ အဲဒီ platform ဟာ အွန်လိုင်းက တစ်ပတ်ရစ်ထုတ်ကုန်တွေ ရောင်းချတဲ့နေရာမှာ ဦးဆောင်ထားတဲ့ OLX နဲ့ Quikr တို့ကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ eBay.in ကရရှိတဲ့ အသိပညာအပေါ်အခြေခံပြီး တစ်ပတ်ရစ်ကုန်ပစ္စည်းတွေနဲ့ platform သစ်ကို တည်ဆောက်ထားပါတယ်။ ကုန်ပစ္စည်းဟောင်းတွေ ရောင်းချတဲ့ ဈေးကွက်ဟာ ကြီးမားပြီး စုစုစည်းစည်း မရှိပါဘူး။ Flipkart ရဲ့သုံးစွဲသူအရေအတွက်နဲ့ ရင်းနှီးမြှုပ်နှံမှုအထဲမှာပါဝင်တဲ့ F1 Info Solutions & Services တို့နဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ကုန်ပစ္စည်းတွေရောင်းချရာမှာ ကြုံတွေ့ရတဲ့ အဓိကအတားအဆီးတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခု platform လွှင့်တင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်မှာ eBay.in က အရောင်းအဝယ်အားလုံးကို ရပ်တန့်သွားပြီး platfrom သစ်ကိုပြောင်းလဲသွားမှာ ဖြစ်ပါတယ်” လို့ ဝန်ထမ်းတွေကို ပေးပို့တဲ့ စာမှာ Flipkart အမှုဆောင်အရာရှိချုပ် ကယ်လ်ယန်ခရစ်နာမာသီက ပြောကြားခဲ့ပါတယ်။

F1 Info Solutions & Services ဟာ ကွန်ရက်ပြုပြင်ရေးစင်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ Flipkart က ဝယ်ယူခဲ့ပါတယ်။ အဲဒီ platform သစ်ဟာ Flipkart နဲ့ကွာခြားပြီး သီးခြားပရိသတ်တွေကိုပဲ ပစ်မှတ်ထားသွားမယ်လို့ ကယ်လ်ယန်ခရစ်နာမာသီက ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် eBay ဟာ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယလုပ်ငန်းကို Flipkart ဆီရောင်းချခဲ့ပြီး Flipkart ရှယ်ယာ ၅ ရာခိုင်နှုန်းအတွက် ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ Flipkart အနေနဲ့ eBay.in ကိုစီမံခန့်ခွဲနေစဉ်မှာ platform ကတစ်ဆင့် နိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်ပြီး ကုန်သွယ်မှု ပြုလုပ်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ အိန္ဒိယ ကုန်သည်တွေက eBay ရဲ့ကမ္ဘာလုံးဆိုင်ရာ သုံးစွဲသူတွေကို ကုန်ပစ္စည်းရောင်းချပြီး အိန္ဒိယသုံးစွဲသူတွေက eBay ရဲ့အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်း ရောင်းချသူတွေဆီက ပစ္စည်းတွေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ eBay India ကို Mint-Kart အဖြစ် အမည်ပြောင်းလဲ ခဲ့ပါတယ်။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း မဖြစ်လာခဲ့ဘဲ ပူးပေါင်းမှုက ကျရှုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

ကုန်ပစ္စည်းအဟောင်းတွေ ရောင်းချမယ့် platform သစ်ကို လာမယ့်လမှာ Flipkart ဖြန့်ချိဖွယ်ရှိပေမယ့် သုံးစွဲသူအနေနဲ့ ခြောက်လကြာမှပဲ ဈေးဝယ်ထွက်နိုင်ဖွယ် ရှိပါတယ်။ အဲဒီအချိန်အတွင်းမှာ Flipkart ကုန်သည်တွေပဲ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: GadgetsNow