Easy Mobile

ပြည်တွင်းက ဆက်သွယ်ရေးအော်ပရေတာ လေးခုစလုံးရဲ့ ဖုန်းငွေဖြည့်ခြင်း၊ လက်ကျန်ငွေစစ်ခြင်း၊ Call Centre ဆက်သွယ်ခြင်း၊ ဖုန်းဘေလ်ချေးခြင်း၊ ဖုန်းဘေလ်လွှဲခြင်း စတာတွေကို အလွယ်တကူ ပြုလုပ်နိုင်မယ့် App ဖြစ်ပါတယ်။ ဖုန်းငွေဖြည့်ကတ်ကို ခဲခြစ်စရာ မလိုဘဲ QR အသုံးပြုပြီး စကမ်ဖတ်တာတွေကိုလည်း App ကနေ ပြုလုပ်နိုင်မှာဖြစ်ပြီး App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း