EA Play Live ပွဲရဲ့ အဓိက ကြေညာချက် (၅) ခု

ဗီဒီယိုဂိမ်းကုမ္ပဏီ Electronics Arts က အခြားကုမ္ပဏီတွေလိုပဲ လော့အိန်ဂျလိစ် E3 ဂိမ်းပြပွဲမှာ ကြေညာမယ့် အကြောင်းအရာတွေကို EA Play Live အွန်လိုင်းပွဲနဲ့ မိတ်ဆက်ခဲ့ပါတယ်။

ပွဲကို ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့ပြီး EA ရဲ့ဂိမ်းအမျိုးမျိုးအတွက် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်တွေက နာမည်ကျော် battle royale ဂိမ်း Apex Legends နဲ့ Star Wars နဲ့သက်ဆိုင်နေပါတယ်။ ကြေညာချက်တွေက EA ရဲ့ နှစ်မြှုပ်လုပ်ကိုင်မှုကို ဖော်ပြနေတယ်။ EA က နာမည်ကျော် ကွန်ပျူတာဂိမ်းတွေကို Steam အတွက် ဖြန့်ချိပေးပြီး ဂိမ်းစက် platform အမျိုးမျိုးနဲ့ Windows မှာ cross-play ကစားနိုင်အောင်လည်း ထောက်ပံ့ခဲ့ပါတယ်။

APEX LEGENDES ကို NINTENDO SWITCH နဲ့ STEAM အတွက် ဖြန့်ချိ

Respawn က Apex Legends ကို ကွန်ပျူတာပေါ်က Valve ရဲ့ Steam နဲ့ Nintendo Switch အတွက် ဖြန့်ချိမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် platform အမျိုးမျိုးမှာ crossplay ကစားနိုင်အောင် ထောက်ပံ့ထားပါတယ်။ ဒါကြောင့် EA ရဲ့ Origiin lauhcher ဒါမှမဟုတ် Steam ပေါ်က ကစားသူတွေက PlayStation 4, Xbox One နဲ့ Switch ဂိမ်းစက်တွေမှာ အတူတကွ ကစားနိုင်ပါတယ်။
ဒါ့အပြင် “Lost Treasures Collectiion” အမည်ရ ရာသီပွဲတစ်ခုလည်း ရှိပြီး “Armed and Dangerous Evolved” အကန့်အသတ် game mode နဲ့ဒီဇိုင်းသစ်တွေ ပြောင်းလဲသွားပါမယ်။

THE SIMS 4, TITANFALL 2 နဲ့အခြားဂိမ်းတွေကို STEAM အတွက် EA ဖြန့်ချိ

EA ဟာ ဂိမ်းများစွာကို ကွန်ပျူတာအတွက် ထောက်ပံ့ပေးလိုက်ပါတယ်။ EA က Apex Legends နဲ့အတူ A Way Out, Dead Space 3, The Sims 4 နဲ့ Titanfall 2 တို့ကိုလည်း Steam မှာဖြန့်ချိလိုက်ပါတယ်။ EA အတွက်ထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်လာပါတယ်။ EA ဟာ Origin platform မှာ ဂိမ်းရဲ့ ကွန်ပျူတာဗားရှင်းတွေကို အရင်က ကန့်သတ်ထားပါတယ်။

ဇူလိုင် ၁၄ရက်မှာထွက်ရှိမယ့် ROCKET ARENA

EA ရဲ့ နောက်ဆုံးထွက် multiplayer ဂိမ်းက ဇူလိုင် ၁၄ ရက်မှာ PS4, Xbox One နဲ့ PC အတွက် ထွက်လာပါမယ်။ Windows ပေါ်က Steam နဲ့ Origin မှာလည်း ထောက်ပံ့ထားပါတယ်။ Overwatch ဂိမ်းနဲ့ဆင်ပြီး ထူးခြားတဲ့ စွမ်းရည်ပါဝင်တဲ့ ဇာတ်ကောင်တွေလည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ဂိမ်းကို ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။

STAR WARS: SQUADRONS ရဲ့ပထမဆုံး Gameplay ကိုပြသ

Star Wars: Squadrons ဟာ first-person အာကာသယာဉ် shooter ဂိမ်းဖြစ်တယ်။ ကစားသူက Star Wars ရဲ့ ထင်ရှားတဲ့ အာကာယာဉ် X-Wings နဲ့ TIE Fighters ပိုင်းလော့အဖြစ် ကစားရပါမယ်။ အောက်တိုဘာ ၂ ရက်မှာ PlayStation 4, Xbox One နဲ့ PC မှာထွက်ရှိပါမယ်။ PS4 နဲ့ PC မှာ VR နဲ့လည်း ကစားနိုင်ပါမယ်။

SKATE ဂိမ်းအသစ် ထွက်ရှိမယ်

EA ကပရိသတ်တွေ သဘောကျတဲ့ Skate စီးရီးကို ပြန်လည် အသက်သွင်းလိုက်ပါတယ်။ Skate ဂိမ်းတွေကို ဆက်လက်ပြောင်းလဲ တိုးတက်လာမယ်လို့ ဂိမ်းဒါရိုက်တာ ခရစ္စကတ်ပယ်ရီကပြောခဲ့ပါတယ်။ ပရိသတ်တွေက Skate 4 ထွက်ရှိဖို့ တောင်းဆိုနေတာ နှစ်အနည်းငယ်ကြာမြင့်ပြီ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge