E- Top ျဖင့္ ဖုန္းေငြျဖည့္သြင္းျခင္းအတြက္ Facebook Bonus ရရွိရန္ျပဳလုပ္

[ Zawgyi ]

ေသာၾကာေန႔ေတြမွာ E-Top Up နဲ႔ ေငြျဖည့္သြင္းပါက Happy Friday အျပင္ Facebook Bonus လက္ေဆာင္ေပးမယ့္ အစီအစဥ္တစ္ရပ္ MPT ကျပဳလုပ္ခဲ့ပါတယ္။

E-Top UP ခဲျခစ္ေငြျဖည့္ကတ္ကို MPT4U အက္ပလီေကးရွင္းနဲ႔ ေငြျဖည့္ျခင္းအ တြက္ ေဒတာအပို လက္ေဆာင္ေတြပးမယ့္ အစီအစဥ္လည္း ေဆာင္ရြက္ထားတယ္လို႔ ဆိုပါတယ္။ ေဒတာလက္ေဆာင္ေတြကုိ လူမႈကြန္ရက္ အက္ပလီေကးရွင္းေတြျဖစ္တဲ့ Facebook, Messenger, Viber, Line နဲ႔ Instagram တို႔အတြက္သာ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ အနည္းဆံုး ဖုန္းေငြ ၁,၀၀၀ က်ပ္နဲ႔ အမ်ားဆံုး ၁၀,၀၀၀ က်ပ္ျဖည့္သြင္း႐ံုနဲ႔ ေဒတာလက္ေဆာင္ ရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။

ေငြက်ပ္ ၁,၀၀၀ ျဖည့္ပါက ေဒတာ 50MB, ၂,၀၀၀ အတြက္ 100 MB, ၃,၀၀၀ အတြက္ 150MB, ၅,၀၀၀ အတြက္ 250MB, ၁၀,၀၀၀ က်ပ္အတြက္ စုစုေပါင္းေဒတာ 500MB ရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။ ေငြတစ္ေထာင္ျဖည့္တိုင္းကို ေဒတာ 50 MB ထပ္မံေပါင္း သြားမွာျဖစ္ကာ အသံုးျပဳႏိုင္တဲ့ သက္တမ္းကေတာ့ ၃ ရက္အတြင္း အသံုးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။

-ေအာင္သက္ကို

[ Unicode ]

သောကြာနေ့တွေမှာ E-Top Up နဲ့ ငွေဖြည့်သွင်းပါက Happy Friday အပြင် Facebook Bonus လက်ဆောင်ပေးမယ့် အစီအစဉ်တစ်ရပ် MPT ကပြုလုပ်ခဲ့ပါတယ်။

E-Top UP ခဲခြစ်ငွေဖြည့်ကတ်ကို MPT4U အက်ပလီကေးရှင်းနဲ့ ငွေဖြည့်ခြင်းအ တွက် ဒေတာအပို လက်ဆောင်တွေပးမယ့် အစီအစဉ်လည်း ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ ဒေတာလက်ဆောင်တွေကို လူမှုကွန်ရက် အက်ပလီကေးရှင်းတွေဖြစ်တဲ့ Facebook, Messenger, Viber, Line နဲ့ Instagram တို့အတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အနည်းဆုံး ဖုန်းငွေ ၁,၀၀၀ ကျပ်နဲ့ အများဆုံး ၁၀,၀၀၀ ကျပ်ဖြည့်သွင်းရုံနဲ့ ဒေတာလက်ဆောင် ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ငွေကျပ် ၁,၀၀၀ ဖြည့်ပါက ဒေတာ 50MB, ၂,၀၀၀ အတွက် 100 MB, ၃,၀၀၀ အတွက် 150MB, ၅,၀၀၀ အတွက် 250MB, ၁၀,၀၀၀ ကျပ်အတွက် စုစုပေါင်းဒေတာ 500MB ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ ငွေတစ်ထောင်ဖြည့်တိုင်းကို ဒေတာ 50 MB ထပ်မံပေါင်း သွားမှာဖြစ်ကာ အသုံးပြုနိုင်တဲ့ သက်တမ်းကတော့ ၃ ရက်အတွင်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

-အောင်သက်ကို