e-Sports ကဏ္ဍသည် ကြီးမားသောအခွင့်အလမ်းရရှိမည့် Industry တစ်ခု ဖြစ်လာမည်

မြန်မာနိုင်ငံမှာ Digital Economy ကိုလုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် e-Sports ကဏ္ဍသည် ကြီးမားသော အခွင့်အလမ်းရရှိမည့် Industry တစ်ခုဖြစ်လာမယ်လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးမင်းဇေယျာလှိုင်က ပြောပါတယ်။

“ယနေ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ ပစ္စည်းအသုံးအဆောင်က အစ လုပ်ကိုင်ဆောင်ရွက်နေမှု အားလုံးသည် အီလက်ထရောနစ်စနစ် မပါဝင်လို့မဖြစ်တဲ့ အခြေအနေကို ရောက်ရှိနေတာ သတိပြုမိမယ် ထင်ပါတယ်။ e-Sports ဆိုတာကလည်း PC ဂိမ်းတွေ အွန်လိုင်း ဂိမ်းတွေ မိုဘိုင်းဂိမ်းတွေ စတဲ့ ဗီဒီဘို ဂိမ်းတွေကို အသုံးပြုပြီးတော့ လူအများနဲ့ ကစားရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဒီဂိမ်းတွေကို ကစားလာခဲ့ကြတာများပြီးတော့ Game developer များများစားစားမရှိတာ တွေ့ရပါတယ်။ အခုအခါ မြန်မာနိုင်ငံမှာ game developer တွေပိုမိုများပြားလာပြီးတော့ ပြည်တွင်းဂိမ်း Development ကိုအာရုံစူးစိုက်နိုင်ဖို့အတွက် မြန်မာနိုင်ငံ လုပ်ငန်းရှင်အသင်းမှာလည်း Gaming Industry Development Committee ကို ဖွဲ့စည်းထားပြီးတော့ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒီ e-Sports ရဲ့ global market value က ၂၀၂၀ မှာဆိုရင် 950 US million dollar ဖြစ်ပြီးတော့ ၂၀၂၃ အတွက် ခန့်မှန်း Market Value ဟာဆိုရင် 1.6 billion US dollar ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံကြီးတွေမှာရှိတဲ့ တက္ကသိုလ်တွေမှာ ဆိုရင်လည်း University မှာ Game degree course တွေကို သင်ကြားပို့ချပေးနေတာကိုလည်း တွေ့ရပါတယ်။ e-Sports ကဏ္ဍဟာ game development ကနေ ဝင်ငွေရနိုင်သလို ဂိမ်မာဘက်မှာလည်း ဂိမ်းကစားခြင်းဖြင့် ဝင်ငွေရနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

လူငယ်တွေ အတွက်လဲ Professional Career တစ်ခုအနေနဲ့ ရွေးချယ်ပြီးတော့ အလုပ်တစ်ခုအနေနဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သွားနိုင်တာကို တွေ့ရမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာလည်း digital economy ကိုလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် e-Sports ကလဲ ကြီးမားတဲ့ အခွင့်အလမ်းရှိမယ့် Industry တစ်ခု ဖြစ်လာမှာလဲ ဧကန်မလွဲ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးမင်းဇေယျာလှိုင်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ e-sports ကို ၂၀၁၉ ခုနှစ် ဆီးဂိမ်းကနေ စတင်ပြီးတော့ အားကစားတစ်ခု အနေနဲ့ ယှဥ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။