E-sports ကစားသမားများအတွက် ၁၂၉ ဒေါ်လာတန် Logitech G Pro keyboard

E-sports ကစားသမားအတွက် G Pro လို့ခေါ်တဲ့ mechanical keyboard သစ်တစ်မျိုးကို Logitech က မိတ်ဆက်ပေးလိုက်ပါတယ်။

အဲ့ဒီ keyboard မှာ ဖြုတ်နိုင်တပ်နိုင်တဲ့ cable စနစ်၊ စိတ်ကြိုက်ပြင်ဆင်သတ်မှတ်နိုင်တဲ့ RGB lighting နဲ့ Romer-G ခလုတ်များ ပါဝင်ပါတယ်။ ဒီခလုတ်တွေကိုနှိပ်တဲ့အခါ သမားရိုးကျ mechanical keyboard တွေထက် ၂၅ ရာခိုင်နှုန်း ပိုမြန်တယ်လို့ Logitech က ပြောကြားပါတယ်။

G Pro keyboard ကို ဒီလကုန်ပိုင်းမှာ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်နဲ့ ကမ္ဘာတစ်ဝန်းက လက်လီဆိုင်တွေကနေ ၁၂၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Unknown ObjectRef: TheVerge