e-ID စီမံကိန္း အခ်က္ သံုးခုပါဝင္

[ Zawgyi ]

e-ID စီမံကိန္းကို အေကာင္အထည္ေဖာ္ရာမွာ အခ်က္သံုးခု ပါဝင္ေၾကာင္း သိရပါတယ္။

e-ID စီမံကိန္းလုပ္ငန္းမွာ ျမန္မာႏိုင္ငံအတြင္းေနထိုင္သူေတြကို Unique ID တစ္ခုစီ ထုတ္ေပးျခင္း၊ National Database တည္ေဆာက္ျခင္း လုပ္ငန္းနဲ႔ ႏုိင္ငံသားစိစစ္ျခင္းလုပ္ ငန္းတို႔ပါဝင္မွာျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။ ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ e-Government အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီရဲ႕ ပထမအႀကိမ္လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးမွာ ေျပာၾကားခဲ့တာ ျဖစ္ေၾကာင္းသိရပါတယ္။

National Database တည္ေဆာက္ျခင္းလုပ္ငန္းဟာ e-ID စနစ္တစ္ခုလံုးရဲ႕အေျခခံအုတ္ ျမစ္ျဖစ္ၿပီး ႏိုင္ငံေတာ္အတြင္း ေနထိုင္တဲ့ သူတစ္ဦးခ်င္းစီရဲ႕ Biometric Data နဲ႔ Biographic Data ေတြကို ေကာက္ယူၿပီး Electronic စနစ္နဲ႔ National Database မွာသိမ္း ဆည္းၿပီး ကိုယ္ပိုင္နံပါတ္တစ္ခုစီ Unique Identity (UID) ထုတ္ေပးႏိုင္မွာျဖစ္ေၾကာင္း၊ UID ရၿပီးသူေတြကို ႏိုင္ငံသား စိစစ္ျခင္းလုပ္ငန္းကို ဆက္လက္ေဆာင္ရြက္ၿပီး နိုင္ငံသားကတ္ Smart Card ကို ေျပာင္းလဲ ထုတ္ေပးႏိုင္တဲ့ စနစ္ကို အေကာင္အထည္ ေဖာ္ႏိုင္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

===========

[ Unicode ]

e-ID စီမံကိန်း အချက် သုံးခုပါဝင်

===========

e-ID စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ အချက်သုံးခု ပါဝင်ကြောင်း သိရပါတယ်။

e-ID စီမံကိန်းလုပ်ငန်းမှာ မြန်မာနိုင်ငံအတွင်းနေထိုင်သူတွေကို Unique ID တစ်ခုစီ ထုတ်ပေးခြင်း၊ National Database တည်ဆောက်ခြင်း လုပ်ငန်းနဲ့ နိုင်ငံသားစိစစ်ခြင်းလုပ် ငန်းတို့ပါဝင်မှာဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရဲ့ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။

National Database တည်ဆောက်ခြင်းလုပ်ငန်းဟာ e-ID စနစ်တစ်ခုလုံးရဲ့အခြေခံအုတ် မြစ်ဖြစ်ပြီး နိုင်ငံတော်အတွင်း နေထိုင်တဲ့ သူတစ်ဦးချင်းစီရဲ့ Biometric Data နဲ့ Biographic Data တွေကို ကောက်ယူပြီး Electronic စနစ်နဲ့ National Database မှာသိမ်း ဆည်းပြီး ကိုယ်ပိုင်နံပါတ်တစ်ခုစီ Unique Identity (UID) ထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ UID ရပြီးသူတွေကို နိုင်ငံသား စိစစ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပြီး နိုင်ငံသားကတ် Smart Card ကို ပြောင်းလဲ ထုတ်ပေးနိုင်တဲ့ စနစ်ကို အကောင်အထည် ဖော်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း