E-GSM Band လှိုင်းနှုန်းစဉ် သတ်မှတ်ချထားမည့်အစီအစဉ် သဘောထားမှတ်ချက်ပေးနိုင်

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ E-GSM Band လှိုင်းနှုန်းစဉ် သတ်မှတ်ချထားမယ့် အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပြီး သဘောထား မှတ်ချက်ပေးနိုင်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနဟာ E-GSM Band (882.5 MHz-890 MHz (Uplink) နဲ့ 927.5MHz-935 MHz (Downlink) ကို မိုဘိုင်းအော်ပရေတာတွေကို သတ်မှတ်ချထားပေးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ အဲဒီ E-GSM Band လှိုင်းနှုန်းစဉ် သတ်မှတ်ချထားပေးတဲ့ အစီအစဉ်နဲ့စပ်လျဉ်းပြီး စိတ်ပါဝင်စားတဲ့ အများပြည်သူတွေနဲ့ အဖွဲ့အစည်းတွေက ပါဝင်အကြံပြုနိုင်ရေး ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးနိုင်မယ့်ဖိုင်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဒေါင်းလုပ်ရယူနိုင်ဖို့ ဆောင်ရွက်ပေးထားတာ တွေ့ရပါတယ်။ အဲဒါကိုဒေါင်းလုပ်ဆွဲ ဖတ်ကြည့်ပြီး သဘောထားမှတ်ချက်ကို [email protected] ကို ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။ လာမယ့်အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီ နောက်ဆုံးထားပေးပို့နိုင်မှာ ဖြစ်ပါတယ်။

-ထွန်းထွန်း