
UN e-Government Development Index(EGDI) အရ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့အဆင့်ဟာ ၁၆၉ မှာ ရှိခဲ့ကာ ၂၀၁၈ ခုနှစ်မှာ အဆင့် ၁၅၇ သို့ တိုးတက်ရောက်ရှိပြီဖြစ်ပြီး Technology လို့ ခေါ်တဲ့ နည်းပညာဟာ အဓိကစိန်ခေါ်မှု မဟုတ်ဘဲ People ဖြစ်တဲ့ ဝန်ဆောင်မှုပေးသူဝန်ထမ်းများနဲ့ ဝန်ဆောင်မှုရယူသူပြည်သူများရဲ့ ကျွမ်းကျင်မှု၊ လိုက်ပါနိုင်မှုနဲ့ Process ဖြစ်သည့် စီမံခန်ခွဲမှုလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွဲ့စည်းမှုပုံစံများ၊ ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် ပေါင်းစပ်အသုံးပြုနိုင်ရန်တို့က အဓိက စိန်ခေါ်မှုဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့မှာ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်းက ၂၀၁၆ ခုနှစ်၊ ဩဂုတ်လမှာ အတည်ပြုခဲ့တဲ့ e-government Master Plan (2016-2020) ကို မည်သည့် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်၍ မည်သည့်အချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းတဲ့အပေါ် ဒုဝန်ကြီးက ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်မှာ e-Government စနစ်အား အတိုင်းအတာတစ်ခုအထိ ရောက်ရှိရန် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ထားရှိနိုင်ပြီး လိုအပ်ချက်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ UN e-Government Development Index(EGDI) အရ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ ၁၆၉ တွင်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၅၇ သို့ တိုးတက်ရောက်ရှိခဲ့ကြောင်း၊ ဒီလို ကြိုးစားဆောင်ရွက်ရာမှာ ကြုံတွေ့ရသည့် စိန်ခေါ်မှုများဟာ PPT ဟုအတိုကောက်ခေါ်သည့် People, Process and Technology ဖြစ်ကြောင်း၊ Technology ဟုခေါ်သည့် နည်းပညာသည် အဓိကစိန်ခေါ်မှု မဟုတ်ဘဲ People ဖြစ်တဲ့ ဝန်ဆောင်မှုပေးသူဝန်ထမ်းများနှင့် ဝန်ဆောင်မှုရယူသူပြည်သူများရဲ့ ကျွမ်းကျင်မှု၊ လိုက်ပါနိုင်မှုနှင့် Process ဖြစ်သည့် စီမံခန်ခွဲမှုလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွဲ့စည်းမှုပုံစံများ ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် ပေါင်းစပ် အသုံးပြုနိုင်ရန်က အဓိက စိန်ခေါ်မှုဖြစ်ကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် e-Government ဦးဆောင်ကော်မတီ၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီတို့မှ ပူးပေါင်း ညှိနှိုင်းအဖြေရှာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
e-Government စနစ်သည် အစိုးရရုံး လုပ်ငန်းစဉ်များနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို သတင်းအချက်အလက် နည်းပညာအား အသုံးပြု၍ ပိုမို ထိရောက်အကျိုးရှိစေရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ခြင်းကြောင့် မည်သည့်အခါမျှ ပြီးဆုံးသည်ဟူ၍ မရှိဘဲ နည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ ပြောင်းလဲဖြစ်ပေါ်လာသည့် လိုအပ်ချက်များအတွက်ကိုလည်း အမြဲတမ်း ဆက်လက်ဆောင်ရွက်နေမည် ဖြစ်သောကြောင့် e-Government ဦးဆောင်ကော်မတီရဲ့ ကြီးကြပ်လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံတွင် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး အတွက် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။