e-Government Conference & ICT Exhibition ကျင်းပ

မြန်မာနိုင်ငံ၏ e-Government ဖွင့်ဖြိုးတိုးတက်စေရန်ပြုလုပ်တဲ့ ဆွေးနွေးပွဲကို နိုဝင်ဘာ ၇ ရက်က နေပြည်တော်ရှိ MICC 2 မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲအတွင်း Digital Economy ကူးပြောင်းရာမှာ အစိုးရအကြီးအကဲတွေရဲ့ အထောက်အပံ့များစွာ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ၊ e-Government Vision နှင့် မူဝါဒများကိုက်ညီမှုများ ရှိနေစေဖို့ လိုအပ်ကြောင်း၊ နိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန်အတွက် e-Government စနစ်ဖွံ့ဖြိုး တိုးတက်စေရန်မှာလည်း လုံးဝချန်ထား၍ မရကြောင်းပြောကြားခဲ့ပါတယ်။

“ကျန်းမာရေး၊ ပညာရေး နဲ့ လူမှုရေးလုပ်ငန်းတွေလို လူသားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ICT ကို တွင်ကျယ်စွာ အသုံးပြုမှုတွေ နေရာတိုင်းမှာ တွေ့နိုင်သလို လူဘဝမြင့်မားလာရေးကို တွန်းအားလိုသဖွယ် ဖန်းတီးပေးနေတာတွေ့မြင်ရပါတယ်”လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဆိုပါအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

နေပြည်တော်တွင် ကျင်းပပြုလုပ်တဲ့ e-Government ဆွေးနွေးပွဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်နှစ်တွင် မပါဝင်သည့် Digital Myanmar ဖြစ်ပေါ်လာရန်နှင့် e-Government အကောင်အထည်ဖော်မှုတွင် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားနိုင်ရန်အတွက် ဆွေးနွေးပွဲတစ်ခုကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ၀န်ကြီးဌာနများနှင့် ပြည်နယ်တိုင်းအစိုးရအဖွဲ့များ၏ ပြခန်းပေါင်း ၂၀ ကျော်၊ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၃၇ ခု တို့မှ Solution နှင့် Product တွေကို ပြခန်းပေါင်း ၇၇ ခန်းနဲ့ ပါဝင်ပြသခဲ့ပါတယ်။

-အောင်သက်ကို