e-Government ႏွင့္ ICT ၫႊန္းကိန္း ေနာက္က်ေနေသး

[ Zawgyi ]

ျမန္မာႏိုင္ငံရဲ႕ e-Government နဲ႔ ICT ညႊန္းကိန္းဟာ ႏိုင္ငံတကာနဲ႔ယွဥ္ရင္ ေနာက္က် ေနေသးေၾကာင္း e-Government ဦးေဆာင္ေကာ္မတီရဲ႕ အတြင္းေရးမွဴး၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီးဦးသာဦးကေျပာပါတယ္။

ဆက္သြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ ျမန္မာနိုင္ငံရဲ႕ e-Government လုပ္ငန္းေတြ အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္ေရးအတြက္ Focal Ministry အျဖစ္ ေဆာင္ရြက္ လ်က္ရွိရာ ဝန္ႀကီးဌာနေတြ၊ အစိုးရအဖြဲ႕အစည္းေတြ အသီးသီးက ေပးပို႔လာတဲ့ အခ်က္အလက္ေတြအရ ျမန္မာနိုင္ငံရဲ႕ e-Governemnt Development Index နဲ႔ ICT Development Index ေတြဟာ နိုင္ငံတကာနဲ႔ ႏွိုင္းယွဥ္ရင္ ေနာက္က်လ်က္ရွိေၾကာင္း ေျပာပါတယ္။ ဇြန္လ ၂၁ ရက္က ေနျပည္ေတာ္မွာက်င္းပခဲ့တဲ့ e-Government စစ္တမ္းေကာက္ယူႏိုင္ေရး လုပ္ငန္း ညွိႏိႈင္းအစည္းအေ၀းမွာေျပာၾကားခဲ့တာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

လက္ရွိ ျမန္မာနိုင္ငံမွာ Website/Webportal ေတြ၊ e-Service ေတြ မ်ားစြာ ေဆာင္ရြက္လ်က္ရွိၿပီး Infrastructure နဲ႔ ပတ္သက္ၿပီးေတာ့လည္း Fiber ေကဘယ္လ္ေတြ ကီလိုမီတာ ေသာင္းခ်ီၿပီး ခ်ိတ္ဆက္သြယ္တန္းထားၿပီး ျဖစ္ေၾကာင္း၊ စစ္တမ္းမ်ား ေကာက္ယူရာမွာ ဌာနအသီးသီးမွ Data ေတြမွန္ကန္ျပည့္စုံေစဖို႔ ပံ့ပိုးကူညီေပးေစ လိုေၾကာင္း၊ e-Governemnt Development Index နဲ႔ ICT Development Index ျမင့္တက္လာရင္ ျမန္မာနိုင္ငံရဲ႕ Doing Business Rank မွာလည္း ျမင့္တက္လာမွာ ျဖစ္ ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ထြန္းထြန္း

[ Unicode ]

မြန်မာနိုင်ငံရဲ့ e-Government နဲ့ ICT ညွှန်းကိန်းဟာ နိုင်ငံတကာနဲ့ယှဉ်ရင် နောက်ကျ နေသေးကြောင်း e-Government ဦးဆောင်ကော်မတီရဲ့ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးသာဦးကပြောပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ e-Government လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Focal Ministry အဖြစ် ဆောင်ရွက် လျက်ရှိရာ ဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့အစည်းတွေ အသီးသီးက ပေးပို့လာတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ e-Governemnt Development Index နဲ့ ICT Development Index တွေဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် နောက်ကျလျက်ရှိကြောင်း ပြောပါတယ်။ ဇွန်လ ၂၁ ရက်က နေပြည်တော်မှာကျင်းပခဲ့တဲ့ e-Government စစ်တမ်းကောက်ယူနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ Website/Webportal တွေ၊ e-Service တွေ များစွာ ဆောင်ရွက်လျက်ရှိပြီး Infrastructure နဲ့ ပတ်သက်ပြီးတော့လည်း Fiber ကေဘယ်လ်တွေ ကီလိုမီတာ သောင်းချီပြီး ချိတ်ဆက်သွယ်တန်းထားပြီး ဖြစ်ကြောင်း၊ စစ်တမ်းများ ကောက်ယူရာမှာ ဌာနအသီးသီးမှ Data တွေမှန်ကန်ပြည့်စုံစေဖို့ ပံ့ပိုးကူညီပေးစေ လိုကြောင်း၊ e-Governemnt Development Index နဲ့ ICT Development Index မြင့်တက်လာရင် မြန်မာနိုင်ငံရဲ့ Doing Business Rank မှာလည်း မြင့်တက်လာမှာ ဖြစ် ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထွန်းထွန်း