e-Government ဦးေဆာင္ေကာ္မတီ၏ ဒုတိယအႀကိမ္လုပ္ငန္း ညႇိႏႈိင္းအစည္းအေဝး က်င္းပ

[ Zawgyi ]

e-Government ဦးေဆာင္ေကာ္မတီရဲ႕ ဒုတိယအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး ကို ဇြန္လ ၂၇ ရက္က ေနျပည္ေတာ္မွာ က်င္းပခဲ့ေၾကာင္း သိရပါတယ္။

e-Government စနစ္ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားနိုင္ေရးအတြက္ နိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ၂ဝ၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၂၃ ရက္စြဲပါ အမိန္႔ေႀကာ္ျငာ စာအမွတ္၊ ၁၄/၂ဝ၁၈ နဲ႔“e-Government ဦးေဆာင္ေကာ္မတီ” ကို လုပ္ငန္းတာဝန္ (၅)ရပ္ ခ်မွတ္ကာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ဒုတိယသမၼတ ဦးေဆာင္ၿပီး (၄၆)ဦးျဖင့္ လည္းေကာင္း၊“e-Government အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီ”ကို လုပ္ငန္းတာဝန္ (၅) ရပ္ခ်မွတ္ကာ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးက ဦးေဆာင္ၿပီး (၄၅) ဦးျဖင့္လည္းေကာင္းဖြဲ႕ စည္းခဲ့ၿပီးျဖစ္ေၾကာင္း e-Government ဦးေဆာင္ေကာ္မတီ ဥကၠ႒ ဒုတိယ သမၼတဦးျမင့္ေဆြက အစည္းအေဝးမွာ ေျပာၾကားခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ျမန္မာနိုင္ငံမွာ e-Government ဦးေဆာင္ေကာ္မတီ ပထမအႀကိမ္ အစည္းအေဝးကို ၂ဝ၁၈ ခုႏွစ္၊ ဧၿပီလ ၄ ရက္မွာ က်င္းပျပဳခဲ့ၿပီး အစည္းအေဝးဆုံးျဖတ္ခ်က္ (၅) ခ်က္ ခ်မွတ္ခဲ့ေၾကာင္း၊ ေဆာင္ရြက္ၿပီးစီးမႈ(၁) ခ်က္ရွိၿပီး ေဆာင္ရြက္ဆဲ (၄) ခ်က္က်န္ရွိေနေသးတာကို သိရွိရေၾကာင္း၊ ေဆာင္ရြက္ဆဲလုပ္ငန္းမ်ားကို အျမန္ၿပီးစီးနိုင္ေရးအတြက္ အခ်ိန္တစ္ခု သတ္မွတ္၍ ပူးေပါင္းညႇိႏႈိင္း ေဆာင္ရြက္ၾကဖို႔ အေရးႀကီးေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

e-Government ဦးဆောင်ကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇွန်လ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးရဲ့ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၁၄/၂ဝ၁၈ နဲ့“e-Government ဦးဆောင်ကော်မတီ” ကို လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒုတိယသမ္မတ ဦးဆောင်ပြီး (၄၆)ဦးဖြင့် လည်းကောင်း၊“e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ”ကို လုပ်ငန်းတာဝန် (၅) ရပ်ချမှတ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ပြီး (၄၅) ဦးဖြင့်လည်းကောင်းဖွဲ့ စည်းခဲ့ပြီးဖြစ်ကြောင်း e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတဦးမြင့်ဆွေက အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၄ ရက်မှာ ကျင်းပပြုခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၅) ချက် ချမှတ်ခဲ့ကြောင်း၊ ဆောင်ရွက်ပြီးစီးမှု(၁) ချက်ရှိပြီး ဆောင်ရွက်ဆဲ (၄) ချက်ကျန်ရှိနေသေးတာကို သိရှိရကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကို အမြန်ပြီးစီးနိုင်ရေးအတွက် အချိန်တစ်ခု သတ်မှတ်၍ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း