e-Government အေကာင္အထည္ေဖာ္ရန္ ဌာနမ်ားမွ ပူးေပါင္းေဆာင္ရြက္မႈအားနည္း

[Zawgyi]

e-Government အေကာင္အထည္ေဖာ္ဖို႔ ဌာနေတြက ပူးေပါင္းေဆာင္ရြက္မႈအားနည္း ေနေၾကာင္း Government အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီ ဒုတိယဥကၠ႒၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသန္႔စင္ေမာင္ကေျပာ ပါတယ္။


e-Government အေကာင္အထည္ေဖာ္ေရးလုပ္ငန္းေကာ္မတီရဲ႕ ပထမအႀကိမ္လုပ္ငန္းညွိ ႏိႈင္းအစည္းအေ၀းမွာ ေျပာၾကားခဲ့တာျဖစ္ေၾကာင္း အဲဒီအစည္းအေ၀းသ တင္းထုတ္ျပန္ ခ်က္အရသိရတာျဖစ္ပါတယ္။ ျမန္မာနိုင္ငံတြင္ e-Government စနစ္ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္သြားႏိုင္ေရး ဦးစီးလမ္းညႊန္သြားႏိုင္ဖို႔ e-Government ဦးေဆာင္ေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီကို ၂၀၁၈၊ ဇန္နဝါရီလ၂၃ ရက္ေန႔တြင္ ဖြဲ႕စည္းခဲ့ၿပီး ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္မွာ e-Government စနစ္အေကာင္ အထည္ေဖာ္ရာမွာ ဌာနေတြက ပူးေပါင္းေဆာင္ရြက္မႈ အားနည္းေနၿပီး သီးျခားစီ အကြဲကြဲအျပားျပား ေဆာင္ရြက္ေနၾကတာကို ေတြ႕ရွိရေၾကာင္း၊ ဦးေဆာင္ေကာ္မတီ နာယက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ညႊန္ၾကားခ်က္နဲ႔အညီ ပူးေပါင္းေဆာင္ရြက္ သြားၾကရန္လိုအပ္ေၾကာင္းေျပာၾကားခဲ့တယ္လို႔သိရပါတယ္။


Myanmar e-Governance Master Plan ကို အေျခခံၿပီး လုပ္ငန္းေတြကို ေပါင္းစပ္ ေဆာင္ရြက္သြားၾကရမွာ ျဖစ္ေၾကာင္းဆက္လက္ေျပာၾကားခဲ့တယ္လို႔သိရပါတယ္။

-ထြန္းထြန္း

[Unicode]

e-Government အကောင်အထည်ဖော်ဖို့ ဌာနတွေက ပူးပေါင်းဆောင်ရွက်မှုအားနည်း နေကြောင်း Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြော ပါတယ်။

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီရဲ့ ပထမအကြိမ်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ကြောင်း အဲဒီအစည်းအဝေးသ တင်းထုတ်ပြန် ချက်အရသိရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်သွားနိုင်ရေး ဦးစီးလမ်းညွှန်သွားနိုင်ဖို့ e-Government ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီကို ၂၀၁၈၊ ဇန်နဝါရီလ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ e-Government စနစ်အကောင် အထည်ဖော်ရာမှာ ဌာနတွေက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပြီး သီးခြားစီ အကွဲကွဲအပြားပြား ဆောင်ရွက်နေကြတာကို တွေ့ရှိရကြောင်း၊ ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်နဲ့အညီ ပူးပေါင်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။

Myanmar e-Governance Master Plan ကို အခြေခံပြီး လုပ်ငန်းတွေကို ပေါင်းစပ် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့တယ်လို့သိရပါတယ်။

-ထွန်းထွန်း