e-Government အေကာင္အထည္ေပၚဖို႔ ျပည္တြင္းအဖြဲ႔ အစည္းႏွစ္ခု ပူးေပါင္းေဆာင္ရြက္ရန္ တိုက္တြန္း

[ Zawgyi ]

e-Government အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာမွာ ျပည္တြင္းအဖြဲ႔အစည္းျဖစ္တဲ့ ျမန္မာႏိုင္ငံ ကြန္ပ်ဴတာပညာရွင္အသင္းနဲ႔ ျမန္မာႏိုင္ငံ ကြန္ပ်ဴတာလုပ္ငန္းရွင္ အသင္းႏွစ္သင္းတို႔ ပူးေပါင္းေဆာင္ရြက္သင့္ေၾကာင္း ေမလ ၂၈ ရက္က MICT Park မွာျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး ကြန္ပ်ဴတာပညာရွင္အသင္း ႏွစ္ပတ္လည္အသင္းသားစံုညီ အစည္းအေဝးမွာ ျမန္မာႏိုင္ငံကြန္ပ်ဴတာ အသင္းခ်ဳပ္ ဥကၠဌျဖစ္သူ ဦးခြန္ဦးကတိုက္ တြန္းေျပာၾကားခဲ့ပါတယ္။

“အခုဆိုရင္ ႏိုင္ငံေတာ္အေနနဲ႔ e-Government အလုပ္ေတြကို အေကာင္အထည္ ေဖာ္ေဆာင္ရြက္ဖို႔ လုပ္ေဆာင္ေနပါၿပီ၊ အဲ့ဒီမွာ ကၽြန္ေတာ္တို႔ ကြန္ပ်ဴတာအသင္းေတြရဲ႕ ပါဝင္မႈဟာအဓိကက်ေနပါတယ္၊ ႏိုင္ငံအသင္းတစ္ခုတည္းနဲ႔လည္း ကၽြန္ေတာ္တို႔ဒါေတြကို ျပည္စံုေအာင္ မလုပ္ႏိုင္ပါဘူး၊ အဓိက ကေတာ့ ျပည္နယ္တိုင္း အသင္းေတြရဲ့အားနဲ႔ဘဲ ကၽြန္ေတာ္တို႔ေတြ လုပ္ရမွာပဲျဖစ္ပါတယ္၊ ျပည္နယ္တိုင္းအတြင္းမွာလဲ အားလံုးကိုယ့္ အသင္းနဲ႔ကိုယ္၊ ကိုယ္အဖြဲ႔နဲ႔ကိုယ္စုၿပီးေတာ့ e-Government ကိစၥေတြကို ျပည္ေထာင္စု အစိုးရကိုေရာ၊ ျပည္နယ္တိုင္းအစိုးရေရာ ဘယ္လိုကူညီမလဲဆိုတာကုိ ကၽြန္ ေတာ္တို႔ေတြ ဝိုင္းဝန္းေဆြးေႏြးဖို႔လိုပါၿပီ” လို႔၎က ဆက္ေျပာပါတယ္။

အစိုးရအေနနဲ႔ PPP (Public Private Partnership) စီမံကိန္းနဲ႔လက္ေတြ႕မွာ ေတာ္ေတာ္မ်ားမ်ားကို ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ PPP စီမံကိန္းနဲ႔သြားပါက တစ္ခ်ဳိ႕လုပ္ငန္းေတြမွာ ျမန္ဆန္ႏိုင္ေၾကာင္း၊ အဲဒီေဆာင္ရြက္ခ်က္ေတြအတြက္ နည္းစနစ္ေတြကို ေဆြးေႏြးရွာေဖြရမွာ ျဖစ္ေၾကာင္း၊ ေဆြးေႏြးခ်က္ေတြကို e-Government ေကာ္မတီကို တင္ျပသြားမွာျဖစ္ေၾကာင္း ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

-ေအာင္သက္ကို

============

[ Unicode ]

e-Government အကောင်အထည်ပေါ်ဖို့ ပြည်တွင်းအဖွဲ့ အစည်းနှစ်ခု ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း

============

e-Government အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပြည်တွင်းအဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းနှစ်သင်းတို့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း မေလ ၂၈ ရက်က MICT Park မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးမှာ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဌဖြစ်သူ ဦးခွန်ဦးကတိုက် တွန်းပြောကြားခဲ့ပါတယ်။

“အခုဆိုရင် နိုင်ငံတော်အနေနဲ့ e-Government အလုပ်တွေကို အကောင်အထည် ဖော်ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါပြီ၊ အဲ့ဒီမှာ ကျွန်တော်တို့ ကွန်ပျူတာအသင်းတွေရဲ့ ပါဝင်မှုဟာအဓိကကျနေပါတယ်၊ နိုင်ငံအသင်းတစ်ခုတည်းနဲ့လည်း ကျွန်တော်တို့ဒါတွေကို ပြည်စုံအောင် မလုပ်နိုင်ပါဘူး၊ အဓိက ကတော့ ပြည်နယ်တိုင်း အသင်းတွေရဲ့အားနဲ့ဘဲ ကျွန်တော်တို့တွေ လုပ်ရမှာပဲဖြစ်ပါတယ်၊ ပြည်နယ်တိုင်းအတွင်းမှာလဲ အားလုံးကိုယ့် အသင်းနဲ့ကိုယ်၊ ကိုယ်အဖွဲ့နဲ့ကိုယ်စုပြီးတော့ e-Government ကိစ္စတွေကို ပြည်ထောင်စု အစိုးရကိုရော၊ ပြည်နယ်တိုင်းအစိုးရရော ဘယ်လိုကူညီမလဲဆိုတာကို ကျွန် တော်တို့တွေ ဝိုင်းဝန်းဆွေးနွေးဖို့လိုပါပြီ” လို့၎င်းက ဆက်ပြောပါတယ်။

အစိုးရအနေနဲ့ PPP (Public Private Partnership) စီမံကိန်းနဲ့လက်တွေ့မှာ တော်တော်များများကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ PPP စီမံကိန်းနဲ့သွားပါက တစ်ချို့လုပ်ငန်းတွေမှာ မြန်ဆန်နိုင်ကြောင်း၊ အဲဒီဆောင်ရွက်ချက်တွေအတွက် နည်းစနစ်တွေကို ဆွေးနွေးရှာဖွေရမှာ ဖြစ်ကြောင်း၊ ဆွေးနွေးချက်တွေကို e-Government ကော်မတီကို တင်ပြသွားမှာဖြစ်ကြောင်း ဆက်လက်ပြောကြား ခဲ့ပါတယ်။

-အောင်သက်ကို