e-Government အတြက္ ေရတိုလုပ္ငန္းစဥ္မ်ားလည္း လိုအပ္

e-Government အတြက္ အေကာင္အထည္ေဖာ္ရာမွာ ေရတိုလုပ္ငန္းစဥ္ေတြလည္း လိုအပ္ေၾကာင္း e-Government ဦးေဆာင္ေကာ္မတီ ဥကၠ႒ ဒုတိယ သမၼတ ဦးျမင့္ေဆြ ကေျပာပါတယ္။

e-Government စနစ္ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာမွာ “ေရရွည္လုပ္ငန္း စဥ္”ေတြ သတ္မွတ္ေဆာင္ရြက္ သြားရမယ့္အျပင္ အခ်ိန္တိုအတြင္း ျပည္သူေတြအတြက္ သိသာထင္ရွားတဲ့ ရလဒ္ေတြ ရရွိနိုင္မယ့္ Quick Win Service ေတြအတြက္ “ေရတိုလုပ္ငန္းစဥ္” ေတြကိုလည္း စနစ္တက် သတ္မွတ္ေရးဆြဲၿပီး တစ္ၿပိဳင္နက္ ပူးေပါင္းေဆာင္ရြက္သြားဖို႔ လိုအပ္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ e-Government ဦးေဆာင္ေကာ္မတီရဲ႕ ဒုတိယအႀကိမ္လုပ္ငန္း ညႇိႏွိုင္း အစည္းအေဝးမွာ ေျပာၾကားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

e-Government အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီက ၂ဝ၁၈ ခုႏွစ္၊ ဇြန္လ ( ၂၁ )ရက္က ျပည္ေထာင္စု ဝန္ႀကီးဌာနေတြ၊ ဗဟို႐ုံးေတြ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရအဖြဲ႕ေတြက CIO (Chief Information Officer) ေတြကို စုစည္းၿပီး လက္ရွိ IT နဲ႔ e-Government ဆိုင္ရာ လုပ္ငန္းေတြနဲ႔ ပတ္သက္တဲ့ Survey and Assessment (စစ္တမ္းေကာက္ယူျခင္း၊ အကဲျဖတ္ျခင္း) လုပ္ငန္းေတြ ေဆာင္ရြက္ခဲ့ၾကတာကိုလည္း သိရွိရေၾကာင္း၊ စစ္တမ္းေကာက္ယူျခင္းမွ ထိေရာက္အက်ိဳးရွိတဲ့ စီမံခ်က္ (Plan) ေတြ ေရးဆြဲေဆာင္ရြက္ၾကဖို႔ လိုအပ္မွာျဖစ္ေၾကာင္းကိုလည္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

e-Government အတွက် အကောင်အထည်ဖော်ရာမှာ ရေတိုလုပ်ငန်းစဉ်တွေလည်း လိုအပ်ကြောင်း e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ကပြောပါတယ်။

e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ “ရေရှည်လုပ်ငန်း စဉ်”တွေ သတ်မှတ်ဆောင်ရွက် သွားရမယ့်အပြင် အချိန်တိုအတွင်း ပြည်သူတွေအတွက် သိသာထင်ရှားတဲ့ ရလဒ်တွေ ရရှိနိုင်မယ့် Quick Win Service တွေအတွက် “ရေတိုလုပ်ငန်းစဉ်” တွေကိုလည်း စနစ်တကျ သတ်မှတ်ရေးဆွဲပြီး တစ်ပြိုင်နက် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ e-Government ဦးဆောင်ကော်မတီရဲ့ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ( ၂၁ )ရက်က ပြည်ထောင်စု ဝန်ကြီးဌာနတွေ၊ ဗဟိုရုံးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက CIO (Chief Information Officer) တွေကို စုစည်းပြီး လက်ရှိ IT နဲ့ e-Government ဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ Survey and Assessment (စစ်တမ်းကောက်ယူခြင်း၊ အကဲဖြတ်ခြင်း) လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတာကိုလည်း သိရှိရကြောင်း၊ စစ်တမ်းကောက်ယူခြင်းမှ ထိရောက်အကျိုးရှိတဲ့ စီမံချက် (Plan) တွေ ရေးဆွဲဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း