e-Government ဆိုင်ရာ Data Center တည်ဆောက်ခြင်းစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့

e-Government Integrated Data Center (e-GIDC) တည်ဆောက်ခြင်းစီမံကိန်း အလုပ်ရုံဆွးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စီမံကိန်းဆိုင်ရာ အချက်အလက်တွေကို ရှင်းလင်းဆွေးနွေးသွားဖို့နဲ့ အကြံပြုချက်တွေကို ရယူနိုင်ဖို့ရည်ရွယ်ပြီး စီမံကိန်းအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စီမံကိန်းရဲ့ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူးတွေ၊ Feasibility Study Result တွေ၊ eGIDC တည်ဆောက်သွားမယ့်ပုံစံ၊ ဒီဇိုင်းနဲ့ နည်းပညာတွေ၊ အိုင်စီတီအခြေခံ အဆောက်အဦ မျှဝေအသုံးပြုမယ့်နည်း လမ်းတွေနဲ့ နိုင်ငံတကာမှာ GICD တည်ဆောက် အသုံးပြုနေတဲ့ အတွေ့အကြုံကောင်းတွေကို ရှင်းလင်း ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ အဲဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ အစိုးရအဖွဲ့အစည်း အသီးသီးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ တာဝန်ရှိသူတွေ၊ CIO တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ (ဓာတ်ပုံ www.motc.gov.mm

-ထွန်းထွန်း