e-Government စနစ္အတြက္ ေကာ္မတီ (၁) ခုႏွင့္ ဆပ္ေကာ္မတီ (၈) ခုဖြဲ႔စည္းခဲ့

[ Zawgyi ]

e-Government စနစ္အတြက္ ေကာ္မတီ (၁) ခုနဲ႔ ဆပ္ေကာ္မတီ (၈) ခုဖြဲ႔စည္းခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

e-Government ဦးေဆာင္ေကာ္မတီရဲ႕ ဒုတိယအႀကိမ္လုပ္ငန္းညႇိႏွိုင္းအစည္းအေဝး ကို ေနျပည္ေတာ္မွာ က်င္းပခဲ့ရာ e-Government ဦးေဆာင္ေကာ္မတီ ဥကၠ႒ ဒုတိယ သမၼတ ဦးျမင့္ေဆြ တက္ေရာက္အမွာစကားေျပာၾကားရာမွာထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။ e-Government စနစ္ကို ထိေရာက္ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္နိုင္ဖို႔ အတြက္ ဦးေဆာင္ေကာ္မတီက ၂ဝ၁၈ ခုႏွစ္၊ ဇြန္လ(၁၂)ရက္မွာ ဖြဲ႔စည္းခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

e-ID စနစ္ လုပ္ငန္း ေကာ္မတီ၊ ႀကီးၾကပ္ကြပ္ကဲမွုဆပ္ေကာ္မတီ၊ အေျခခံအေဆာက္အဦ၊ စနစ္၊ ပုံစံႏွင့္ ဒီဇိုင္းဆပ္ေကာ္မတီ၊ ဝယ္ယူေရးႏွင့္ အစိုးရပုဂၢလိက ပူးေပါင္းေဆာင္ရြက္ေရး ဆပ္ေကာ္မတီ၊ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးေရးဆပ္ေကာ္မတီ၊ လုံျခဳံေရးဆပ္ေကာ္မတီ၊ စံသတ္မွတ္ေရး ဆပ္ေကာ္မတီ၊ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးဆပ္ေကာ္မတီႏွင့္ ျပန္ၾကားေရးႏွင့္ နိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္ေရး ဆပ္ေကာ္မတီ၊ စုစုေပါင္းေကာ္မတီ (၁) ခုနဲ႔ ဆပ္ေကာ္မတီ (၈) ခုတို႔ကို ဖြဲ႕စည္းခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

အဲဒီလုပ္ငန္းေကာ္မတီနဲ႔ ဆပ္ေကာ္မတီေတြအေနနဲ႔ အပတ္စဥ္ သို႔မဟုတ္ ႏွစ္ပတ္ကို (၁)ႀကိမ္ ေတြ႕ဆုံေဆြးေႏြးၿပီး သတ္မွတ္ေပးထားတဲ့ လုပ္ငန္းတာဝန္ေတြကို အျမန္အေကာင္အထည္ေဖာ္နိုင္ဖို႔ ပူးေပါင္းညႇိႏႈိင္း ေဆာင္ရြက္သြားၾကေစလိုေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

[ Unicode

e-Government စနစ်အတွက် ကော်မတီ (၁) ခုနဲ့ ဆပ်ကော်မတီ (၈) ခုဖွဲ့စည်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

e-Government ဦးဆောင်ကော်မတီရဲ့ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နေပြည်တော်မှာ ကျင်းပခဲ့ရာ e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ e-Government စနစ်ကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဦးဆောင်ကော်မတီက ၂ဝ၁၈ ခုနှစ်၊ ဇွန်လ(၁၂)ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

e-ID စနစ် လုပ်ငန်း ကော်မတီ၊ ကြီးကြပ်ကွပ်ကဲမှုဆပ်ကော်မတီ၊ အခြေခံအဆောက်အဦ၊ စနစ်၊ ပုံစံနှင့် ဒီဇိုင်းဆပ်ကော်မတီ၊ ဝယ်ယူရေးနှင့် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ စံသတ်မှတ်ရေး ဆပ်ကော်မတီ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဆပ်ကော်မတီနှင့် ပြန်ကြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီ၊ စုစုပေါင်းကော်မတီ (၁) ခုနဲ့ ဆပ်ကော်မတီ (၈) ခုတို့ကို ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဲဒီလုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီတွေအနေနဲ့ အပတ်စဉ် သို့မဟုတ် နှစ်ပတ်ကို (၁)ကြိမ် တွေ့ဆုံဆွေးနွေးပြီး သတ်မှတ်ပေးထားတဲ့ လုပ်ငန်းတာဝန်တွေကို အမြန်အကောင်အထည်ဖော်နိုင်ဖို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း