e-Commerce ကိုယ်စားလှယ်ပေါင်း ၉၀ ကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်ကထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရတာဖြစ်ပါတယ်။ MPU ကတ်တွေနဲ့ အွန်လိုင်းကနေတစ်ဆင့် ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်တဲ့အဲဒီစနစ်ကို ၂၀၁၅ ခုနှစ်က စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကိုယ်စားလှယ်တွေရဲ့ သက်ဆိုင်ရာဝက်ဘ်ဆိုက် တွေကနေတစ်ဆင့် MPU ကတ်နဲ့ ငွေပေးချေမှု ဆိုင်ရာတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အွန်လိုင်းငွေပေးချေမှုစနစ်၊ အွန်လိုင်းဈေးဝယ်နေရာတွေ၊ လေကြောင်းလိုင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
e-Commerce ကိုစတင် အသုံးပြုလိုတဲ့ MPU ကတ် ကိုင်ဆောင်သူတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့ဝင်ဘဏ်တွေရဲ့ eCommerce အသုံးပြုလိုကြောင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီ ဝန်ဆောင်မှုကို ဆောင်ရွက်လိုတဲ့ လုပ်ငန်းတွေအနေနဲ့ အဖွဲ့ဝင် ဘဏ်တွေကနေတစ်ဆင့် Membership Form များရယူပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ လုပ်ငန်းတွေအနေနဲ့ အဖွဲ့ဝင်ဘဏ်တွေမှာ ငွေပေးချေမှုတွေဆောင်ရွက်ဖို့ ဘဏ်အကောင့် ဖွင့်ထားရမှာဖြစ်ပါတယ်။ အသုံးပြုလိုတဲ့ ကတ်ကိုင်ဆောင်သူတွေ အနေနဲ့ မိမိကိုယ်ပိုင် အီးမေးလ်အကောင့် တစ်ခုရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဆိုင်တွေမှာရှိတဲ့ POS (Point of sale) ကနေတစ်ဆင့် ပေးချေနိုင်မှာ ဖြစ်ပါတယ်။
MPU ကတ်တွေနဲ့ ချိတ်ဆက်ထားတဲ့ဘဏ်တွေမှာ ကွန်ရက် အချင်းချင်း ငွေထုတ်ခြင်း၊ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ခြင်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဝယ်ယူအသုံးပြုခြင်းတို့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
-ထွန်းထွန်း