Dynamic Wallpaper Editor ကို ထည့်သွင်းခြင်း

[ Zawgyi ]










-သီဟ

[ Unicode ]

Ubuntu အသုံးပြုနေတဲ့ ကွန်ပျူတာတွေမှာ Wallpaper တွေကို ပြင်ဆင်အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Dynamin Wallpaper Editor ကို ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင် နိုင်ပါတယ်။

Ubuntu OS မှာ Dynamic Wallpaper Editor ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့Package တွေကို Update တွေ Upgrade တွေပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့Terminal ကိုCtrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။

ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Dynamic Wallpaper Editor ကို ထည့်သွင်းမယ်ဆိုရင် အသုံးပြုရမယ့် command တွေကတော့ –

sudo apt-get install flatpak

flatpak remote-add –if-not-exists flathub https://flathub.org/repo/flathub.flatpakrepo

flatpak install flathubcom.github.maoschanz.DynamicWallpaperEditor

ဆိုတဲ့ command တွေကို အသုံးပြုပြီး ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အသုံးမပြုလိုတော့ တဲ့အခါမှာ flatpak uninstall com.github.maoschanz.DynamicWallpaperEditor ဆိုတဲ့ command ကို အသုံးပြုပြီး ပြန်လည်ဖယ်ရှားနိုင်ပါတယ်။