Dynamic AMOLED Display နည်းပညာ

Dynamic AMOLED Display နည်းပညာဆိုတာက ၂၀၁၉ ခုနှစ်မှာ Samsung ကနေ ၎င်းတို့ရဲ့ Galaxy S10 စမတ်ဖုန်းစီးရီးနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Display နည်းပညာပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း OLED မျက်နှာပြင်တွေက အကောင်းဆုံးအရည်အသွေးရှိတဲ့ ရုပ်ပုံတွေနဲ့ ပြောင်းလွယ်ပြင်လွယ်သော ဒီဇိုင်းနဲ့ အသုံးပြုနိုင်ပြီး မကြာသေးမီနှစ်များအတွင်းက Samsung, Apple, Huawei, Xiaomi နဲ့ အခြားကုမ္ပဏီတွေက OLED Display အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ Samsung အနေနဲ့ ၎င်းတို့ရဲ့ စမတ်ဖုန်း OLED Display တွေကို Super AMOLED မျက်နှာပြင်အဖြစ် ခေါ်ဝေါ်ခဲ့ပြီး ဒီ AMOLED မျက်နှာပြင်တွေက ရုပ်ထွက်အရည်အသွေး အလွန်မြင့်မားကာ ယေဘုယျအားဖြင့် ကမ္ဘာ့အကောင်းဆုံးမိုဘိုင်း Display အဖြစ် သတ်မှတ်ထားပါတယ်။

Dynamic AMOLED Display မျက်နှာပြင်ကလည်း Super AMOLED မျက်နှာပြင်ဖြစ်ပြီး HDR10 + အထောက်အပံ့ ပါဝင်လာပါတယ်။ မျိုးဆက်သစ် OLED မျက်နှာပြင်ဖြစ်တဲ့ Dynamic AMOLED Display တွေက ရုပ်ရှင်ရုံအဆင့်အရောင်နဲ့ Contrast ပိုင်းအတွက် HDR10 + အသိအမှတ်ပြုလက်မှတ်ကို VDE ဂျာမနီရဲ့ အသိအမှတ်ပြုလက်မှတ် ရရှိထားပါတယ်။ ဒီ Display က Contrast ratio 2,000,000:1 အထိ ထောက်ပံ့ပေးနိုင်ပြီး Dynamic AMOLED မျက်နှာပြင်တွေက မျက်လုံးသက်သောင့်သက်သာရှိစေဖို့အတွက် အပြာရောင်မီးကို လျှော့ချပေးပါသေးတယ်။ အဲလိုလျှော့ချပေးတာက မျက်စိညောင်းညာမှုကိုလျှော့ချပေးပြီး ညဘက် ဖုန်းကိုအသုံးပြုနေတဲ့အခါမျိုးမှာ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်မှု လျော့နည်းစေပါတယ်။

Dynamic AMOLED Display တွေက မျက်စိညောင်းညာကိုက်ခဲမှုကို ဖြစ်ပေါ်စေနိုင်တဲ့ အပြာရောင်အလင်းရောင်ထုတ်လွှတ်မှုအပေါ် အခြေခံကာ စျေးကွက်ထဲမှာရှိတဲ့ အခြား display တွေဖြစ်တဲ့ LCDs Display တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မျက်စိညောင်းညာကိုက်ခဲမှု ပိုမို လျော့နည်းတယ်ဆိုတာကို TUV Rheinland ရဲ့ မျက်စိသက်သောင့်သက်သာဖြစ်မှု လက်မှတ်ကိုလည်း ရရှိထားပါတယ်။

Dynamic AMOLED Display တွေကို လက်ရှိမှာ Galaxy Note10, Note10 +, S10e, S10, S10 + နှင့် S10 5G ဖုန်းတွေမှာ အသုံးပြုထားပြီး နောက်ထပ်ထွက်လာမယ့် ဖုန်းတွေမှာလည်း Samsung က ဆက်လက်အသုံးပြုသွားနိုင်ပါတယ်။